ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် နေပြည်တော်ရှိ ကျေးရွာအချို့တွင် နေအိမ်ဖောက်ထွင်းခံရမှုများ ဖြစ်ပွားနေပြီး သက်ဆိုင်ရာမှ ဖမ်းဆီးရမိမှု ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များကို စွန့်ခွာ၍ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရစဉ်အတွင်း ရေနစ်မြုပ်လျက်ရှိသည့် ကျေးရွာများသို့ ဝင်ရောက်၍ ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရသည်။
" သူခိုးတွေက ရွာထဲမှာ လူမရှိတော့ အိမ်တွေ ဖောက်ပေါ့။ ပေါစံခေါရွာမှာဆိုရင် မြောက်ဘက်ပိုင်းက အိမ်တစ်လုံးရယ်၊ စျေးဆိုင်တွေရယ် ဖောက်သွားတာ။ ဆန်နဲ့ စျေးကုန်တွေ၊ ရွှေတိုငွေစကတော့ အကုန်ဖောက်သွားတယ်။ တောင်ဘက်နားကလည်း လေး၊ ငါးလုံး ဖောက်သွားတယ်လို့ ကြားတယ်။ ရေနည်းနည်းကျသွားတဲ့အချိန် ဝင်လို့ထွက်လို့ရတဲ့ ရွာတွေကို ဝင်ဖောက်ကြတာမျိုးပေါ့" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် ဒေသခံများအနေဖြင့် ကယ်ဆယ်ရေးစခန်းများတွင် ရွာလုံးကျွတ် ရွှေ့ပြောင်းနေရစဉ် ယင်းကျေးရွာများအတွင်းရှိ နေအိမ်များအား ဖောက်ထွင်းခိုးယူမှု ကျူးလွန်သူများအား ရဲတပ်ဖွဲ့ဝင်များက ဖမ်ဆီးလာသည့် ဗီဒီယိုဖိုင်တစ်ခုသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။
" နွားတွေဘာတွေလည်း ပျောက်တာတွေ၊ ရေနောက်ပါတာတွေ ရှိတယ်။ တစ်ချို့လည်း ရေနောက်ပါလာတဲ့နွားတွေကို ဆယ်ထားပြီးတော့ ကျွေးမွေးစောင့်ရှောက်ထားတာတွေ ရှိတယ်။ မနေ့က သူတို့နွားပါဆိုပြီး လာတောင်းတာတွေရှိတယ်။ ဆယ်ထားတဲ့သူက မပေးလိုက်ဘူး။ ရေတွေဘာတွေလျော့လို့ရှိရင် ရွာက ဥက္ကဋ္ဌတို့၊ ရဲစခန်းတို့က ထောက်ခံစာတွေပါမှ ပြန်ပေးမယ်ဆိုပြီး ပြောလိုက်တယ် ကြားတယ်။ အောက်ဘက်က ရွာတွေဘက်မှာက နွားတွေ ဆယ်ထားတာတွေလည်း ရှိတယ်။ သေတာတွေလည်း သေတာပေါ့" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်နေသော ကျေးရွာများ၏ အခြေအနေနှင့်ပတ်သက်၍ " တစ်ချို့ရွာတွေတော့ ပေါ်လာပြီ။ အရှေ့ဘက်က ရွာသစ်ကြီး၊ ဘန်းကုန်း၊ သနပ်ပင်ဆိပ်၊ သစ်ဆိမ့်ပင်၊ အောက်ဘက်က ရုံးပင်းစောင်း၊ နှမ်းတောကြီး၊ ဇီးဖြူပင်၊ ကွမ်းခြံ၊ အဲ့ရွာတွေကတော့ ရေနစ်နေတုန်းပေါ့။ မနေ့ကတော့ ဘန်းကုန်းမှာ ရွာထဲတင် ရေက ခါးလောက်ရှိသေးတယ်။ ဆင်သေတို့ ဘာတို့လည်း ရေတွေရှိနေသေးတယ်" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း) နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၆၄ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၄၆၂ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက် ညပိုင်း အထိရရှိသောစာရင်းများအရ ပြည်သူ ၇၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်းနှင့်တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။
ထို့ပြင် အထက်ပါ ရပ်ကွက်၊ ကျေးရွာများ အတွင်း ရေကြီးရေလျှံခဲ့မှုကြောင့် လမ်းအရှည် ၃၂၆၄၅ ပေ၊ တံတား ၂၄ စင်း၊ စာသင်ကျောင်း ၃၇၅ ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဆည်/တမံ ၅ ခု၊ ဘုရားစေတီ ၄ ဆူ၊ ထရန်စဖော်မာ ၁၄ လုံး၊ ဓာတ်မီးတိုင် ၄၅၆ တိုင်နှင့် လူနေအိမ် ၆၅၇၅၉ လုံး ရေဝင်နစ်မြုပ်၍ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
