ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တွင် ယနေ့ စက်တင်ဘာ (၂၈)ရက်မှစတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ထပ်တိုးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခင်ကဲ့သို့ တစ်ရက်လျှင် အုပ်စု (A)၊ အုပ်စု (B)ခွဲ၍ (၄)နာရီ၊ (၂)ကြိမ်ဖြင့် (၈)နာရီ လျှပ်စစ်ဓါတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ (၂၈)ရက်မှစတင်၍ အုပ်စု (A) ဓါတ်အားပိတ်ချိန် နံနက် (၅)နာရီမှ နံနက် (၉)နာရီမှ တစ်ကြိမ်၊ အုပ်စု (B) ဓါတ်အားပိတ်ချိန် နံနက် (၉)နာရီမှ နေ့လယ် (၁)နာရီမှ တစ်ကြိမ်၊ အုပ်စု (A) ဓါတ်အားပိတ်ချိန် နေ့လယ် (၁)နာရီမှ ညနေ(၅)နာရီမှ တစ်ကြိမ်၊ အုပ်စု (B) ဓါတ်အားပိတ်ချိန် ညနေ (၅)နာရီမှ ည (၉)နာရီမှ တစ်ကြိမ် အလှည့်ကျ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တွင် အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လှိူင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ကြည်မြင်တိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်(ဖျက်သိမ်း)တို့ ပါဝင်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
