COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသွားဝင်ရောက်မှု ၃ ရာခိုင်နှုန်းကျဆင်းမည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (WTO) က မတ် ၆ တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတကာခရီးသွားဝင်ရောက်မှုသည် ၃.၀ ရာခိုင်နှုန်းမှ ၄.၀ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု မက်ဒရစ်အခြေစိုက် WTO က ပြီးခဲ့သောဇန်နဝါရီတွင် ခန့်မှန်းခဲ့သော်လည်း ယခုခန့်မှန်းမှုတွင်မူ ၁.၀ ရာခိုင်နှုန်းမှ ၃.၀ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ပြောင်းလဲခန့်မှန်းခဲ့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် နိုင်ငံတကာခရီးသွားများထံမှ ရရှိနိုင်သော ဒေါ်လာဘီလျံ ၃၀ မှ ၅၀ (ယူရို ၂၉ ဘီလျံမှ ၄၅ ဘီလျံ) အထိ ဆုံးရှုံးနိုင်ကြောင်း ထိုအဖွဲ့က ခန့်မှန်းခဲ့သည်။
ယင်းကိန်းဂဏန်းကိုသာ အတည်ပြုခဲ့ပါက ခရီးသွားလာမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအား ပြင်းပြင်းထန်ထန် အထိနာစေခဲ့သော ၂၀၀၉ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်း ကြုံတွေ့မှုအပြီး နိုင်ငံတကာခရီးသွား ဝင်ရောက်မှုသည် နှစ်အလိုက် တွက်ချက်မှုတွင် ပထမဆုံး ကျဆင်းမှုဖြစ်လာမည် ဖြစ်သည်။
ပထမဆုံး ချင့်တွက်မှုများအရ အာရှနှင့် ပစိဖိတ်သည် အဆိုးရွားဆုံး သက်ရောက်မည့်ဒေသ ဖြစ်လာမည်ဖြစ်ပြီး ခရီးသွားဝင်ရောက်မှု ၉.၀ ရာခိုင်နှုန်းမှ ၁၂.၀ ရာခိုင်နှုန်း ကျဆင်းမည်ဟု မျှော်လင့်ကြောင်း WTO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အခြေအနေများ ဖြစ်ပေါ်တိုးတက်မှု အလွန်လျင်မြန်နေခြင်းကြောင့် လတ်တလောတွင် ကမ္ဘာ၏ အခြားဒေသများအား ခန့်မှန်းရန်အချိန်မကျသေးကြောင်း WTO က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ခရီးသွားလာမှု ကန့်သတ်ခြင်းများနှင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်းများသည် ခရီးသွားဝန်ဆောင်မှုများအား ထောက်ပံ့မှုကို ကြီးကြီးမားမား အားလျော့စေခဲ့ကြောင်း WTO က ထုတ်ပြန်ခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှု ကြုံနေရသော နိုင်ငံများသို့ ခရီးသွားလာမှု ကန့်သတ်ခြင်း မပြုလုပ်ကြရန် ထိုအဖွဲ့က အစိုးရများအား အကြံပြုခဲ့ပြီး ခရီးသွားလုပ်ငန်းကို ရည်မှန်းသော ပြန်လည်နာလန်ထူရေး အရေးယူဆောင်ရွက်မှုများအတွက် ဘဏ္ဍာရေးနှင့် နိုင်ငံရေးဆိုင်ရာထောက်ပံ့မှုများ ပြုလုပ်ကြရန်လည်း တိုက်တွန်းခဲ့သည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် ခရီးသွားလုပ်ငန်းကဏ္ဍ၏ ရာခိုင်နှုန်း ၈၀ ဝန်းကျင်ကို ကိုယ်စားပြုပြီး ခရီးသွားလုပ်ငန်းအား မှီခိုနေရသည့် ခုခံနိုင်စွမ်းအား နည်းသောအသိုင်းအဝိုင်းများအတွင်း အပါအဝင် အထူးသဖြင့် ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာသည် ထိခိုက်နိုင်ကြောင်း ထိုအဖွဲ့၏အတွင်းရေးမှူးချုပ် ဇူရက်ဘ်ပိုလိုလီ ကာရှ်ဗီလီက ပြောကြားခဲ့သည်။
နိုင်ငံတကာခရီးသွား ဝင်ရောက်မှုသည် ၂၀၁၉ ခုနှစ်တွင် ၄.၀ ရာခိုင်နှုန်း၊ ၁.၅ ဘီလျံအထိ မြင့်တက်ခဲ့ပြီး ပြင်သစ်သည် ခရီးသွား ဝင်ရောက်မှု အများဆုံးနိုင်ငံဖြစ်ကာ စပိန်နှင့် အမေရိကန်တို့က အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။ ခရီးသွားများဝင်ရောက်မှုများမှ ဒေါ်လာ ၁.၅ ထရီလျံခန့် ရရှိခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
