ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အာရှ-ပစိဖိတ် စီးပွားရေးသည် ဒေါ်လာ ဘီလျံ ၂၀၀ ကျော် ဆုံးရှုံးနိုင်ကြောင်း ဘဏ္ဍာရေးအတိုင်ပင်ခံလုပ်ငန်း S & P Global က မတ် ၆ တွင် သတိပေးခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကမ္ဘာတစ်ဝန်းတွင် ကြိုးပမ်းနေရချိန်၌ အာရှ-ပစိဖိတ် စီးပွားရေးတိုးတက်မှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားနိုင်သည်။
အဆိုးဆုံး ဖြစ်နိုင်ခြေတွင် တရုတ်စီးပွားရေးသည် တိုးတက်မှု သုံးရာခိုင်နှုန်း အောက်သို့ ရောက်ရှိသွားနိုင်ပြီး ဂျပန်၊ သြစတြေးလျနှင့် ဟောင်ကောင်တို့သည် စီးပွားရေးကျဆင်းမှုကို ကြုံရနိုင်ကြောင်း S&P ၏ အစီရင်ခံစာက ဆိုခဲ့သည်။
ဒီဇင်ဘာက တရုတ်အလယ်ပိုင်း ဝူဟန်တွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း နိုင်ငံနှင့် ဒေသ ၉၀ နီးပါးသို့ ကူးစက်ပျံ့နှ့ံခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများက ဗိုင်းရပ်စ်ကြောင့် စီးပွားရေးသက်ရောက်မှုကို စိုးရိမ်နေကြသည်။
ဗိုင်းရပ်စ်ကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား ထိခိုက်မှုက အာရှ-ပစိဖိတ် စီးပွားရေးတိုးတက်မှုကို ထိခိုက်ပြီး ယခုနှစ်တွင် ၄ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု S & P က ခန့်မှန်းခဲ့သည်။ အာရှ-ပစိဖိတ် စီးပွားရေးသည် ၄.၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ယခင်က ခန့်မှန်းထားပြီး ဗိုင်းရပ်စ်၏ သက်ရောက်မှုက ဒေသတွင်း စီးပွားရေးကို ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အဆိုးဆုံး အခြေအနေသို့ ရောက်ရှိစေမည်ဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်မှုကို စိုးရိမ်ပြီးစားသုံးသူများက နေအိမ်တွင် နေကြသဖြင့် ဝယ်လိုအား ကျဆင်းမှု၊ စီးပွားရေးလုပ်ငန်းများ ပိတ်ဆို့ရပ်ဆိုင်းမှုများကြောင့် ရောင်းလိုအားကျဆင်းမှု စသည့် သက်ရောက်မှုနှစ်မျိုးစလုံးကို အာရှ-ပစိဖိတ်က ကံဆိုးစွာ ခံစားရမည်ဖြစ်ကြောင်း S & P ၏ အစီရင်ခံစာက သတိပေးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် မဖြစ်မီကပင် စီးပွားရေး တုံ့ဆိုင်းနေသော တရုတ်သည် ယခုနှစ်တွင် ၄.၈ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ပြီး နှစ် ၃၀ အတွင်း အဆိုးဆုံး တိုးတက်မှုဖြစ်နိုင်သည်။ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ချိန်တွင် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခြင်း၊ ကန့်သတ်ထိန်းချုပ်မှုများ ပြန်လည်ပြဋ္ဌာန်းခြင်း ဆောင်ရွက်လာရပါက တရုတ်စီးပွားရေးတိုးတက်မှုသည် ၂.၉ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း S & P က သတိပေးခဲ့သည်။
ယမန်နှစ်က ၂၀၀၈ နောက်ပိုင်း ပထမဆုံး စီးပွားရေးကျဆင်းမှုကို ခံစားခဲ့ရသော ဟောင်ကောင်သည်စီးပွားရေး ထပ်မံကျဆင်းသွားနိုင်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း ကျဆင်းမှုကြောင့် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့သည်လည်း အထိနာဆုံး စာရင်းဝင်ကြမည်ဖြစ်သည်။
သို့သော်လည်း အာရှ-ပစိဖိတ် စီးပွားရေးသည် အခိုင်အမာ ပြန်လည်ဦးမော့လာဖွယ်ရှိဆဲ ဖြစ်ကြောင်း S & P က ပြောကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သည် လုပ်သားထုအင်အား၊ အရင်းအနှီး၊ ထုတ်လုပ်နိုင်စွမ်းတို့ကို အမြဲတစေ သက်ရောက်မည် မဟုတ်သောကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် အာရှ - ပစိဖိတ် စီးပွားရေး အင်အားစုများသည် လူအမြောက်အမြားအား အလုပ်အကိုင် ခန့်ထားပြီး ထုတ်လုပ်မှုများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း S & P က ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်စီးပွားရေးသည် ဒေါ်လာ ၁၀၃ ဘီလျံအထိ ဆုံးရှုံးနိုင်ပြီး ဒေသတွင်းရှိ အခြားနိုင်ငံများသည် ဒေါ် လာ ၂၂ ဘီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က မတ် ၆ တွင် သတိပေးခဲ့သည်။ စီးပွားရေးဆုံးရှုံးမှုသည် ဗိုင်းရပ်စ်ကူးစက်မှုအတိုင်းအဆကို မှီတည်နေကြောင်း ဗိုင်းရပ်စ်၏သက်ရောက်မှုသည် မရေမရာ ဖြစ်နေဆဲဖြစ်ကြောင်း အေဒီဘီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
သေဆုံးသူ ၃၀၀၀ ကျော် ရှိလာခဲ့ပြီး ကူးစက်ခံရသူ ၁၀၀၀၀၀ နီးပါးအထိ ရှိနေပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက ကမ္ဘာ့ ခရီးသွားလုပ်ငန်းကို သက်ရောက်မှု၊ အားကစားပွဲများ၊ ကျောင်းများ ပိတ်ထားရမှုတို့အထိ သက်ရောက်ခဲ့သည်။
ဥရောပနှင့်အမေရိကန်တွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်ခဲ့ပြီး ဗာတီကန်တွင် ပထမဆုံး ကူးစက်မှု၊ နယ်သာလန်တွင် ပထမဆုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။ အီတလီတွင် သေဆုံးသူ ၁၄၈ ဦးအထိ ရောက်ရှိခဲ့ပြီး ပြင်သစ်တွင် ဗိုင်းရပ်စ်ကူးစက်မှု ရုတ်တရက် မြင့်တက်ခဲ့ပြီး ၇ ဦးအထိ သေဆုံးခဲ့ကာ ၄၂၃ ဦး အထိ ကူးစက်ခံထားရသည်။
အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး ဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရန်အတွက် ဒေါ်လာ ၈.၃ ဘီလျံ သုံးစွဲရေးသဘောတူညီချက်ကို အမေရိကန် ဥပဒေပြုအမတ်များက သဘောတူ ခွင့်ပြုခဲ့သည်။
တရုတ်တွင် ထပ်မံကူးစက်ခံရသူ ၁၄၃ ဦး ရှိပြီး ပြင်ပမှ ပြန်ရောက်သူများထံမှ ကူးစက်မှု ၃၆ မှု အထိ ခုန်တက်ခဲ့သည်။ တရုတ်တွင် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံး သူ ၃၀၄၂ ဦးထိ မြင့်တက်ခဲ့ပြီး ကူးစက်ခံရမှု ၈၀၅၀၀ ကျော် ရောက်ရှိခဲ့သည်။
တရုတ်ပြင်ပတွင် ကူးစက်မှု အဆိုးဆုံး ဖြစ်ပွားနေသည့် တောင်ကိုရီးယား၌ မတ် ၆ အထိ သေဆုံးသူ ၄၂ ဦး ရှိခဲ့ပြီး ၆၅၉၃ ဦး အထိ ကူးစက်ခံထားရသည်။
ဘရပ်ဆဲလ်ရှိ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ ဌာနချုပ်တွင် အရပ်ဘက်ဝန်ထမ်းတစ်ဦးနှင့် မိသားစုဝင်နှစ်ဦး ကူးစက်ခံထားရပြီး ဆီနီဂေါတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ လေးဦးအနက် တစ်ဦးသည် ကုလသမဂ္ဂဝန်ထမ်း ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း အတည်ပြုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
