တူရကီသမ္မတရီဆပ်တေရစ်အာဒိုဂန်သည် ဒုက္ခသည်များထွက်ပြေးနိုင်စေရန် နိုင်ငံ၏ နယ်စပ်တံခါးပေါက်များကို ဖွင့်ထားခြင်းဖြင့် ဥရောပအား ခြိမ်းခြောက်အကျပ်ကိုင်နေကြောင်း ဆီးရီးယားသမ္မတဘာရှား အယ်အာဆတ်က မတ် ၅ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။
“ဥရောပကို ခြိမ်းခြောက်အကျပ်ကိုင်ဖို့အတွက် လုပ်နည်းလုပ်ဟန်တစ်ခုအဖြစ် တူရကီက ဒုက္ခသည်ဒုတိယအသုတ်ကို စတင်စေလွှတ်လိုက်ပြီဖြစ်ပါတယ်” ဟု ဆီးရီးယားနိုင်ငံပိုင် သတင်းရုပ်သံတွင် ထုတ်လွှင့်သည့် Russia 24 ရုပ်သံလိုင်းနှင့်အင် တာဗျူးတွင် အာဆတ်က ပြောကြားခဲ့သည်။
ခိုကိုးရာမဲ့နေသော ဒုက္ခသည် ထောင်ပေါင်းများစွာသည် တူရကီနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် ဂရိနိုင်ငံအကြားရှိ နယ်နိမိတ်သို့ စုဝေးရောက်ရှိနေကြစဉ် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့နှင့် ဥရောပသမဂ္ဂ၏ ရွှေ့ပြောင်းအခြေချဆိုင်ရာ ကော်မရှင်အကြီးအကဲက တူရကီသည် ဆီးရီးယား၌ လုပ်ဆောင်နေသော ၎င်း၏စစ်ဆင်ရေးများတွင် အထောက်အပ့ံရရှိစေရန်အတွက် ဒုက္ခသည်များအား အသုံးချခြင်းဖြင့် ဥရောပသမဂ္ဂကို ခြိမ်းခြောက်အကျပ်ကိုင်နေသည်ဟု စွပ်စွဲခဲ့ကြသည်။
ရုရှားက လေတပ်အင်အား ထောက်ပံ့ပေးထားသော ဆီးရီးယားအစိုးရတပ်ဖွဲ့၏ သုံးလကြာ ထိုးစစ်ဆင်မှုကြောင့် သူပုန်တို့၏ နောက်ဆုံးအမာခံနယ်မြေဖြစ်သော ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒလစ်ဒေသမှ လူတစ်သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။
ဆီးရီးယားဒုက္ခသည်များကို အခြားသောနိုင်ငံများထက် ပိုမိုလက်ခံထားပြီးဖြစ်သော တူရကီတွင် ဆီးရီးယားဒုက္ခသည် ၃.၆ သန်းခန့်ရှိနေပြီး အသစ်ဝင်ရောက်လာသော နေရပ်စွန့်ခွာ ဆီးရီးယားအရပ်သားများ သည် တူရကီနှင့်ထိစပ်နေသော နယ်စပ်အနီးတွင် စုပြုံနေကြသည်။
ပြီးခဲ့သည့်လက အိုင်ဒလစ်၌ ဆီးရီးယားအစိုးရတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း တူရကီစစ်သား ၃၄ ဦးသေဆုံးခဲ့ပြီး ထိုအရေအတွက်သည် ဆီးရီးယားပဋိပက္ခအတွင်း တူရကီဝင်ရောက်စွက်ဖက်ခဲ့သည့် ၂၀၁၆ ခုနှစ်နောက်ပိုင်း တူရကီအစိုးရအတွက် တပ်သားအရေအတွက်အများဆုံး သေဆုံးမှုလည်းဖြစ်သည်။
တူရကီဘက်ကလည်း အပျက်အစီးများသော၊ ဖျက်ဆီးမှုအားကောင်းသော ဒရုန်းနှင့်ရော့ကတ်တို့ဖြင့် လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ဆီးရီးယားအစိုးရတပ်ဖွဲ့၏ တပ်နေရာများနှင့် စစ်ဘက်ပစ္စည်းကိရိယာများ ပျက်စီးခဲ့ပြီး ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသေဆုံးခဲ့သည်။
ဥရောပသို့ထွက်ပြေးရန် ကြိုးပမ်းနေကြသည့် ဒုက္ခသည်များအတွက် တူရကီက ၎င်း၏နယ်စပ်တံခါးပေါက်များကို ဖွင့်ပေးလိုက်ခြင်းသည် ဥရောပသမဂ္ဂအား အထိတ်တလန့်ဖြစ်စေခဲ့ပြီး ၂၀၁၅-၂၀၁၆ ရွှေ့ပြောင်း အခြေချအကျပ်အတည်းမျိုးကဲ့သို့ တစ်ပုံစံတည်း ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်စိတ် ပိုမိုကြီးထွားလာစေခဲ့သည်။
ဥရောပကို ခြိမ်းခြောက်အကျပ်ကိုင်နေသည်ဟူသော စွပ်စွဲချက်များကို တူရကီသမ္မတက ငြင်းဆိုခဲ့ပြီး တူရကီ၏ လက်ခံနိုင်စွမ်းသည် အကန့်အသတ်ရှိသည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
