ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နောက်ထပ် ၃၁ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၃၀၀၀ ကျော်ခဲ့ကြောင်း တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က မတ် ၅ တွင် ထုတ်ပြန်ခဲ့သည်။ ထပ်မံ ကူးစက်ခံရသူလည်း အနည်းငယ် ပြန်လည် မြင့်တက်ခဲ့ပြီး ယခင်တစ်ရက်က ၁၁၉ ဦး ကူးစက်ခံခဲ့ရာရမှ မတ် ၅ တွင် ၁၃၉ ဦး ထပ်မံကူးစက် ခံခဲ့ရကြောင်း ကူးစက်ခံရသူ စုစုပေါင်း ၈၀,၄၀၉ ဦး ရှိခဲ့ကြောင်း ကော်မရှင်က ဆိုခဲ့သည်။
ဒီဇင်ဘာက တရုတ်အလယ်ပိုင်း ဝူဟန်တွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ တစ်ဝန်းတွင် သေဆုံးသူ ၃,၀၁၂ ဦး ရှိလာခဲ့ပြီး ယင်းတို့အနက် ၂,၃၀၅ ဦးသည် ဝူဟန်မှ ဖြစ်ခဲ့သည်။ ဇန်နဝါရီ နှောင်းပိုင်းတွင် ဝူဟန်ရှိရာ ဟူပေပြည်နယ်ကို တရုတ်အစိုးရက မကြုံစဖူး ပိတ်ဆို့ထိန်းချုပ်ခဲ့ပြီးနောက် မကြာသေးမီ သီတင်းပတ်များတွင် တရုတ်၌ ဗိုင်းရပ်စ်ကူးစက်ခံရမှု သိသိသာသာ လျော့ကျသွားခဲ့သည်။
သို့သော်လည်း ယင်းဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း နိုင်ငံ ၈၀ ကျော်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး တရုတ်ပြင်ပ၌ လူ ၁၀၀၀၀ ကျော် ကူးစက်ခံရကာ ၂၅၀ ကျော် သေဆုံးထားသည်။
တရုတ်ပြင်ပတွင် ကူးစက်မှု အဆိုးဆုံး ဖြစ်ပွားနေသည့် တောင်ကိုရီးယား၌ မတ် ၅ တွင် ကူးစက်ခံရသူ ၆၀၀၀ နီးပါးရှိခဲ့ပြီး နှာခေါင်းစည်းများ ပြည်ပသို့ တင်ပို့မှုကို ပိတ်ပင်ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။
ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၁၄၅ ဦး ရှိခဲ့ပြီး ဗိုင်းရပ်စ်ကူးစက် ခံထားရသူ ၅,၇၆၆ ဦးရှိပြီဖြစ်ကြောင်း ကိုရီးယား ရောဂါထိိန်းချုပ် ကာကွယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။ တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၅ ဦး ရှိပြီဖြစ်သည်။
မကြာသေးမီက တောင်ကိုရီးယားသို့ သွားခဲ့သော နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ပိတ်ပင်မည် ဖြစ်ကြောင်း သြစတြေးလျက မတ် ၅ တွင် ကြေညာခဲ့ပြီး တောင်ကိုရီးယားမှ လာသူများကို ပိတ်ပင်သည့်နိုင်ငံနှင့် နယ်မြေ ၃၆ နေရာရှိပြီ ဖြစ်သည်။
နှာခေါင်းစည်းများ ဝယ်လိုအား မြင့်တက်မှုကြောင့် နှာခေါင်းစည်း တင်ပို့မှုကို မတ် ၆ မှစပြီး ပိတ်ပင်မည် ဖြစ်ကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ် ချန်ဆေကျွန်းက ပြောကြားခဲ့သည်။
နှာခေါင်းစည်း ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းကိုသာ ပြည်ပသို့ တင်ပို့ခွင့်ရမည် ဖြစ်ကြောင်း ပြီးခဲ့သည့်လ ကတည်းက ကန့်သတ်ထားခဲ့သည်။
တောင်ကိုရီးယားတွင် ကူးစက်မှုအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် ဒေဂူမြို့မှ ဖြစ်ပြီး ကူးစက်မှု ၄၃၀၀ ကျော် ရှိခဲ့သည်။
ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတွင် ၁၂ နိုင်ငံမြောက် အကြီးဆုံး တောင်ကိုရီးယား စီးပွားရေးကို သက်ရောက်မှုများအား ဖြေရှင်းရန်အတွက် ဒေါ်လာ ၂၅ ဘီလျံ သုံးစွဲမည်ဖြစ်ကြောင်း သမ္မတ မွန်းဂျေအင်းက ယခုသီတင်းပတ် အစောပိုင်းတွင် ကြေညာခဲ့သည်။
ဥရောပတွင် ဗိုင်းရပ်စ်ကူးစက်မှု အဓိကနေရာဖြစ်သော အီတလီက ကျောင်းများကို ပိတ်ပင်ရန် ကြေညာခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းမှ ကျောင်းသား သန်း ၃၀၀ နီးပါးသည် နေအိမ်တွင် သီတင်းပတ်များစွာ နေထိုင် စောင့်ဆိုင်းကြရဖွယ် ရှိသည်။
အီတလီတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၇ ဦးအထိ မြင့်တက်ခဲ့ပြီးနောက် အီတလီက ကျောင်းများနှင့် တက္ကသိုလ်များကို မတ် ၁၅ ရက်အထိ ပိတ်ပင်ရန် အမိန့်ထုတ်ခဲ့သည်။ မတ်လတွင် ကျောင်းများ ပိတ်ထားရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တောင်းဆိုခဲ့ပြီးနောက် ကျောင်းအားလုံးနီးပါးကို ဧပြီ အစောပိုင်းအထိ ပိတ်ထားမည်ရှိသည်။
ဗိုင်းရပ်စ်ကြောင့် ၁၀၇ ဦးသေဆုံးထားသော အီရန်ကလည်း ကျောင်းများကို ပိတ်ထားသည်။ နိုင်ငံ ၁၃ နိုင်ငံတွင် ကျောင်းများပိတ်ထားမှုကြောင့် ကျောင်းသား ၂၉၀.၅ သန်းကို သက်ရောက်ခဲ့ကြောင်း ယူနက်စကို ဥက္ကဋ္ဌ အော်ဒရေအာဇူလေက ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆန်က အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁ ဦးရှိခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ရန် ဒေါ်လာ ၈ ဘီလျံ သုံးစွဲရေး အမေရိကန် ဥပဒေပြု အမတ်များအကြား သဘောတူညီမှု ရရှိခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်မှုကို စိုးရိမ်သဖြင့် အပျော်စီးသင်္ဘော တစ်စင်းအား ကယ်လီဖိုးနီးယား ကမ်းလွန်တွင် ထိန်းချုပ်ထားကြောင်း ကယ်လီဖိုးနီးယား အစိုးရက ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယားတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူသည် ထိုသင်္ဘောမှ ဖြစ်သည်။
Grand Princess သင်္ဘောနှင့် ယခင်တစ်ခေါက်က မက္ကဆီကိုသို့ သွားခဲ့သော ၇၁ နှစ်အရွယ် အမျိုးသားသည် ကယ်လီဖိုးနီးယား၌ ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူ ဖြစ်ခဲ့သည်။ ယင်းသင်္ဘောတွင် အမှုထမ်း ၁၁၅၀ နှင့် ခရီးသည် ၂၅၀၀ ခန့် လိုက်ပါခဲ့သည်။
အသက် ၇၄ နှစ် အမျိုးသမီးတစ်ဦး ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ကြောင်း ဆွစ်ဇာလန်က မတ် ၅ တွင် ထုတ်ပြန်ခဲ့သည်။
ဘော့စနီးယားကလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှု နှစ်မှု ရှိကြောင်း မတ် ၅ တွင် ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
