Top News

အာဖဂန်နစ္စတန် စုံစမ်းစစ်ဆေးမှု အယူခံနှင့် ပတ်သက်၍ အမှုကို ဆက်သွားရန် အိုင်စီစီက ဆုံးဖြတ်
24htopnews | September 28, 2024 2:12 PM CST

အမေရိကန် တပ်ဖွဲ့ဝင်များ အပါအဝင် အာဖဂန်နစ္စတန် ပဋိပက္ခ၌ ဘက်အားလုံးက ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးရန်ကိစ္စကို ဆက်လက်ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) တရားသူကြီးများက မတ် ၅ ရက်တွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ယင်းသည် ယခင်ဆုံးဖြတ်ချက်ကို ပြောင်းပြန် ပြန်လှန်လိုက်ခြင်းလည်း ဖြစ်သည်။

“၂၀၀၃ ခုနှစ် မေ ၁ ရက်နောက်ပိုင်း အာဖဂန်နစ္စတန်ပိုင်နက်ထဲမှာ ကျူးလွန်ခဲ့ ကြတယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ဖို့ တရားစွဲ ဆိုရေးအဖွဲ့မှာ လုပ်ပိုင်ခွင့် ရှိပါတယ်” ဟု အိုင်စီစီတရားသူကြီး ပီယော့တာဟော့ဖ်မန် စကီးက ပြောကြားခဲ့သည်။

မတ် ၅ ရက် ကြားနာစစ်ဆေးမှုက တာလီဘန်၊ အာဖဂန် အစိုးရတပ်များနှင့် အမေရိကန် တပ်ဖွဲ့ဝင်များက လျှို့ဝှက်အကျဉ်းစခန်းများ၌ ကျူးလွန်သည်ဟု စွပ်စွဲထားသည့် ပြစ်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးခွင့်ရရန် အိုင်စီစီ တရားစွဲဆိုရေး အကြီးအကဲ ဖာတူးဘင်ဆူဒါအတွက် လမ်းဖွင့်ပေးနိုင်သည်ဟု အစောပိုင်း၌ ထင်မြင်ထားကြသည့်အတိုင်း ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဒီဇင်ဘာ ကြားနာစစ်ဆေးမှု တစ်ရပ်၌ ကမ္ဘာ့တရားရုံးတွင် အကြိုတရားခွင် တရားသူကြီးများက စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ၎င်းတို့ အာဏာပိုင်သည် ဆိုခြင်းကို ငြင်းဆိုလိုက်သည့် လွန်ခဲ့သည့်နှစ် ဧပြီ၌ ၎င်းတို့ အာဏာသုံးစွဲမှုနှင့် ပတ်သက်၍ အဆင့်ကျော်ခဲ့သည်ဟု တရားစွဲဆိုသူများက အခိုင်အမာ ပြောကြားခဲ့သည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများထံမှ ပြင်းထန်သော ဝေဖန်မှုများကို ဆွဲယူထားသည့် ဆုံးဖြတ်ချက် တစ်ရပ်အတွင်း အောင်မြင်သည့် တရားစွဲဆိုမှုများဆီ ဦးတည်သွားနိုင်ဖွယ် မရှိသောကြောင့် တရားမျှတမှု အလို့ငှာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖြစ်လာနိုင်ဖွယ် မရှိကြောင်း အကြိုတရားခွင် တရားသူကြီးအဖွဲ့က ပြောကြားထားခဲ့ဖူးသည်။

အာဖဂန်နစ္စတန်၌ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့သည့် အကြိုစုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ဖာတူးဘင်ဆူဒါက စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်ရန် လုပ်ပိုင်ခွင့် ရှိမရှိ တရားသူကြီးများကို မေးမြန်းခဲ့သည်။

ဖာတူးဘင်ဆူဒါက “အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးအေဂျင်စီ အဖွဲ့ဝင်တွေဟာ အဓိကအားဖြင့် ၂၀၀၃-၂၀၀၄ အချိန်ကာလအတွင်း အာဖဂန်နစ္စတန်နဲ့ တခြားနေရာတွေမှာ ပဋိပက္ခနဲ့ ပတ်သက်ပြီး ထိန်းသိမ်းထားတဲ့ သူတွေကို နှိပ်စက်ညှဉ်းပန်းမှု၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံမှု၊ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာအပေါ် စော်ကားမှု၊ မုဒိမ်းမှုနဲ့ လိင်ဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေ ရှိထားပါတယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန်နှင့် တာလီဘန်တို့သည် ရည်ရွယ်ချက် ကြီးမားသော ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြပြီးနောက် ရက်ပိုင်းအကြာတွင် အိုင်စီစီ၏ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK