ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီတွင် သေဆုံးသူသည် ၁၃၃ ဦးမှ ၃၆၆ ဦးအထိ သုံးဆနီးပါးမြင့်တက်ခဲ့ပြီး ကူးစက်မှုမှာလည်း တစ်ရက်အတွင်း ၁၄၉၂ မှု ခုန်တက်ခဲ့ကာ ၇၃၇၅ မှုအထိ စံချိန်တင်မြင့်တက်ခဲ့သည်။ အီတလီသည် ကူးစက်ခံထားရသူ ၇၀၀၀ ကျော်ရှိသော တောင်ကိုရီးယားကို ကျော်တက်ပြီး တရုတ်ပြင်ပတွင် ကူးစက်မှု အမြင့်ဆုံးနေရာ ဖြစ်လာခဲ့သည်။
အီတလီမြောက်ပိုင်းကို ဧပြီ ၃ မတိုင်မီ အထိ လူအဝင်အထွက် ပိတ်ပင်ထားမည်ဖြစ်ကြောင်း အွန်လိုင်းတွင် ထုတ်ပြန်ခဲ့သည့် အမိန့်ဒီဂရီ၌ ဖော်ပြခဲ့သည်။ အီတလီ၏ပိတ်ဆို့မှုဧရိယာသည် လူ ၁၅ သန်းကျော် နေထိုင်သည့်နေရာဖြစ်ပြီး ဘဏ္ဍာရေးအချက်အချာ မီလန်အပြင် ဗင်းနစ်ကဲ့သို့ နေရာများလည်း ပါဝင်ခဲ့သည်။
သို့သော်လည်း ခရီးသွားများနှင့် အခြားတစ်နေရာတွင် နေထိုင်ပြီး ဗိုင်းရပ်စ်ကူးစက်ဇုန်သို့ ရောက်ရှိနေသူများက နေရပ်ပြန်မည်ဆိုလျှင် အီတလီက ခွင့်ပြုမည်ဖြစ်သည်။ ပိတ်ဆို့ထိန်းချုပ်မှုကို မထီမဲ့မြင်ပြုပါက ထောင်ဒဏ် သုံးလ သို့မဟုတ် ဒဏ်ငွေ ၂၃၃ ဒေါ်လာ ချမှတ်ခံရနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရွှေ့ဆိုင်း၍မရနိုင်သော အကြောင်းပြချက်နှင့် အရေးပေါ်အလုပ်များ၊ မိသားစုရေးရာများကို ထိန်းချုပ်ကန့်သတ်ဇုန်အတွင်း သို့မဟုတ် ပြင်ပတွင် ဆောင်ရွက်ခွင့်ရမည်ဖြစ်သည်။
ထိန်းချုပ်ဧရိယာမှ ထွက်ခွာမည့်သူများသည် ရှင်းလင်းချက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ခရီးသွားရန် ရောက်လာသူအားလုံးသည်လည်း ရှင်းလင်းချက်ပေးရမည်ဖြစ်သည်။ ဘူတာရုံများတွင် ရဲများက စစ်ဆေးရေး စခန်းဖွင့်လှစ်ပြီး အပူချိန်စစ်ဆေးမှု ဆောင်ရွက်နေသည်။ အဓိကလမ်းများတွင် ကားအားလုံးကို ရပ်ဆိုင်းစစ်ဆေးပြီး ဝင်ထွက်သွားလာမှု အကြောင်းပြချက်အား အတည်ပြု စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အပျော်စီးသင်္ဘောများ ဗင်းနစ်တွင်ဆိုက်ကပ်ခွင့် တားမြစ်ထားပြီး မြို့ခံများကိုသာ ဆင်းခွင့်ပေးထားသည်။ Alitalia လေကြောင်းလိုင်းကလည်း မီလန်၏ Milan Malpenasa လေဆိပ်သို့ ပျံသန်းမှုအားလုံးကို ဆိုင်းငံ့ထားပြီး Milan Linate လေဆိပ်တွင်သာ ပြည်တွင်းခရီးစဉ်များ ပြေးဆွဲမည်ဟု ကြေညာခဲ့သည်။
အီတလီသည် ပြီးခဲ့သည့် သီတင်းပတ် ခုနစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ရှေ့တန်း မျက်နှာစာ ဖြစ်နေခဲ့ပြီး အီတလီ၏ဒေသ ၂၂ နေရာစလုံးကို ဗိုင်းရပ်စ်ပျံ့နှံ့ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ဆေးဘက်ဆိုင်ရာ ကိရိယာတပ်ဆင်ထားမှု နိမ့်ကျသည့် တောင်ပိုင်းတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများ ရှိလာခဲ့သည်။ အီတလီတောင်ပိုင်း ပူဂလီရာ၏ အုပ်ချုပ်ရေးမှူးက ထိန်းချုပ်ပိတ်ဆို့ခံထားရသော မြောက်ပိုင်းဒေသမှသူများ ပြန်မလာကြရန် တောင်းပန်စကားပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀၀ ကျော်အထိ ရှိလာခဲ့သော ဂျာမနီက ဗိုင်းရပ်စ်ကြောင့် စီးပွားရေး ထိခိုက်မှု သက်သာရာရစေရန် အကူအညီပေးရေးအစီအစဉ်သစ်များ ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အစိုးရက တစ်နှစ်လျှင် ယူရို ၃.၁ ဘီလျံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်သွားမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။
ဥရောပအကြီးဆုံး စီးပွားရေး ဂျာမနီတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၁၂ ဦးရှိခဲ့ပြီး North Rhine Westphalia တွင် ကူးစက်ခံရသူ ၄၈၄ ဦးရှိခဲ့သဖြင့် ဂျာမနီ၏ပြည်နယ် ၁၆ ခုတွင် အမြင့်ဆုံးဖြစ်ကြောင်း Rebert Koch Institute ရောဂါထိန်းချုပ်ရေး စင်တာက မတ် ၉ တွင် ပြောကြားခဲ့သည်။
ပြင်သစ်
COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသည့် ဥပဒေပြုအမတ် လေးဦးအထိရှိလာခဲ့သော ပြင်သစ်တွင် ကူးစက်မှု ၁၁၀၀ ကျော် ရှိလာခဲ့ပြီး လူ ၂၀ နီးပါး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သတင်းများ
အမေရိကန်
ကမ္ဘာအကြီးဆုံးစီးပွားရေးနှင့် ချိတ်ဆက်မှု အကောင်းဆုံး အမေရိကန်သည် ကိုရိုုနာဗိုင်းရပ်စ်အတွက် နောက်ထပ်စစ်မြေပြင်ဖြစ်လာမည်ကို စိုးရိမ်မှု ကြီးမားလာနေသည်။ အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့် ၂၂ ဦး သေဆုံးထားပြီး အမေရိကန်၏ ပြည်နယ် ၅၀ အနက် ၃၀ တွင် ကူးစက်မှု ၅၀၀ ကျော်ရှိထားသည်။ ကယ်လီဖိုးနီးယားနှင့် နယူးယောက်ရှိ သန်း ၆၀ ခန့်သည် အရေးပေါ် အခြေအနေအောက်တွင် နေထိုင်နေကြရပြီး အော်ရီဂွန်ပြည်နယ်ကလည်း အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ကုလသမဂ္ဂ
ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းတိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ၁၅ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်အများအပြားသည် စီးပွားရေးစျေးကွက်ကို ထောက်ပံ့ရန် ဝင်ရောက်စွက်ဖက်မှုများ ဆောင်ရွက်နေကြသည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ
COVID 19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု၏ သက်ရောက်မှုကြောင့် ကမ္ဘာ့ရေနံသုံးစွဲမှုသည် ၂၀၀၉ ခုနှစ်နောက်ပိုင်း နှစ်အလိုက် သုံးစွဲမှု၌ ပထမဆုံးအကြိမ် ကျဆင်းနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ IEA ၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လတ်တလောတွင် ရေနံတစ်နေ့ဝယ်လိုအားသည် စည် ၁.၁ သန်းရှိရာမှ စည် ၉၀၀၀၀ အထိ ပထမဆုံးအကြိမ် ကျဆင်းနိုင်ကြောင်း ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား
တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၂၄၈ ဦးရှိခဲ့ပြီး သီတင်းပတ် နှစ်ပတ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၅၃ ဦး သေဆုံးခဲ့ကြောင်း မတ် ၉ တွင် ကိုရီးယား ရောဂါ ထိန်းချုပ်ကာကွယ်ရေးစင်တာက အတည်ပြုခဲ့သည်။
ဂျပန်
နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှု ၄၅၀ ကျော်နှင့် သေဆုံးသူ ခုနစ်ဦး ရှိလာခဲ့ကာ ဇူလိုင် ၂၄ တွင် စတင်မည့် အိုလံပစ်ပြိုင်ပွဲအား သက်ရာက်မည်ကို စိုးရိမ်မှုမြင့်တက်နေသည်။
စင်ကာပူ
ဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် မလေးရှားနှင့် ထိုင်းတို့က ကမ်းကပ်ရန် ငြင်းဆန်ခဲ့သော လူ ၂၀၀၀ ခန့်လိုက်ပါလာသည့် Costa Fortuna ဇိမ်ခံသင်္ဘောအား မတ် ၁၀ တွင် ကမ်းကပ်ခွင့် ပြုမည်ဟု စင်ကာပူက ထုတ်ပြန်ခဲ့သည်။
(သေဆုံးမှု ဖြစ်ပွားခဲ့သောအခြားနိုင်ငံများမှာ အီရန် (၂၃၇ ဦး)၊ စပိန် (၂၅ ဦး)၊ အီရတ် (၆ ဦး)၊ ဗြိတိန်၊ နယ်သာလန်၊ သြစတြေးလျ၊ ဟောင်ကောင်တို့တွင် (၃ ဦးစီ)၊ ဆွစ်ဇာလန် (၂ ဦး)၊ ထိုင်း၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ အီဂျစ်၊ ဆန်မာရီနို၊ အာဂျင်တီးနားတို့တွင် (တစ်ဦးစီ) တို့ ဖြစ်ကြသည်။)
ကမ္ဘာတစ်ဝန်း သေဆုံးမှုစုစုပေါင်း ၃၈၀၀ ကျော်ရှိခဲ့ပြီး ကူးစက်မှု ၁၁၀၀၀၀ ကျော် ရှိခဲ့သည်။ ပြန်လည်ကောင်းမွန်လာသူ ၆၃၀၀၀ နီးပါးရှိခဲ့ပြီး အခြေအနေစိုးရိမ်ရ သူ ၆၀၀၀ နီးပါး ရှိနေသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
