တူရကီသမ္မတ ရီဆပ်တေယစ် အာဒိုဂန်နှင့် ဥရောပသမဂ္ဂ (အီးယူ)မှ အကြီးတန်း အရာရှိများအကြား ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းနှင့် ပတ်သက်သော ဆွေးနွေးပွဲကို ဘရက်ဆဲမြို့တွင် မတ် ၉ ရက်၌ ပြုလုပ်ရန် စီစဉ်ထားပြီး ဂျာမနီက အီးယူသည် ကလေးဒုက္ခသည် ၁၅၀၀ ကို လက်ခံရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
အီးယူအဖွဲ့ဝင်နိုင်ငံများထဲသို့ ဖြတ်သန်းဝင်ရောက်ရန် ကြိုးပမ်းခြင်းကို ၎င်းတို့ အနေဖြင့် ဆက်လက်ဟန့်တားတော့မည်မဟုတ်ကြောင်း တူရကီအစိုးရက ကြေညာခဲ့ပြီးနောက် သောင်းနှင့်ချီသော ခိုလှုံခွင့် တောင်းခံသူများသည် သီတင်းတစ်ပတ်အတွင်း တူရကီမှ ကုန်းမြေနယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ကြသည်။
ဆီးရီယားသား အများစုဖြစ်သော ဒုက္ခသည်လေးသန်းခန့်ကို လက်ခံထားသည့် တူရကီက မမျှတသော ဝန်ထုပ်ဝန်ပိုး ခွဲဝေမှုဖြစ်သည်ဟု ဖော်ပြကာ ပြင်းထန်စွာပြောဆိုမှုများ အထပ်ထပ်ပြုလုပ်ခဲ့သည်။
နယ်စပ်၌ လူအုပ်ကြီးများနှင့် ပဋိပက္ခဖြစ်ပွားမှုများ၌ မျက်ရည်ယိုဓာတ်ငွေ့များနှင့် ရေအမြောက်များကို ဂရိရဲတပ်ဖွဲ့က အသုံးပြုခဲ့ပြီးနောက် ရွှေ့ပြောင်းအခြေချသူများအတွက် နယ်စပ်ဂိတ်များကို ဖွင့်ပေးရန် အာဒိုဂန်က ဂရိကို တောင်းဆိုခဲ့သည်။
“ကျွန်တော် ဘယ်ဂျီယံကနေ ကွဲပြားခြားနားတဲ့ ရလဒ်တွေရပြီး ပြန်လာရမယ်လို့ မျှော်လင့်ပါတယ်” ဟု တွေ့ဆုံဆွေးနွေးရန်ကိစ္စကို ကြေညာစဉ် အစ္စတန်ဘူမြို့၌ အာဒိုဂန်က ပြောကြားခဲ့သည်။
“ဟေ့ ဂရိ၊ ကျွန်တော်မေတ္တာရပ်ခံလိုက် ပါတယ်။ ဂိတ်တွေကို ကောင်းကောင်းဖွင့်ပေးလိုက်ပြီး ဒီဝန်ထုပ်ဝန်ပိုးတွေ လွတ်မြောက်ပါစေ။ သူတို့ကို တခြားဥရောပနိုင်ငံတွေထဲ သွားခွင့်ပြုလိုုက်ပါ” ဟုလည်း အာဒိုဂန်က ပြောကြားခဲ့သည်။
မတ် ၉ ရက် အစောပိုင်းတွင် ဂျာမနီက အီးယူသည် ယခုလက်ရှိ၌ ဂရိနိုင်ငံရှိ စခန်းများ၌ နေထိုင်နေသော ရွှေ့ပြောင်းအခြေချ ကလေးငယ် ၁၅၀၀ ကို လက်ခံယူရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
“ဒီကလေးတွေကို လက်ခံယူဖို့ ဆန္ဒရှိတဲ့ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ဖွဲ့ဖို့ ဥရောပအဆင့်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြေရှင်းချက်တစ်ရပ်ကို စေ့စပ်ညှိနှိုင်းနေပါတယ်” ဟု ဂျာမနီအစိုးရက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားခဲ့သည်။
ဂျာမနီသည် သင့်တော်သည့် ဝေစုတစ်ရပ်အဖြစ် လက်ခံရန်အသင့်ရှိကြောင်းနှင့် ဂျာမနီသည် ဂရိရင်ဆိုင်နေရသည့် ခက်ခဲသောအနေအထား၌ ဂရိကို ထောက်ပံ့ရန် လိုလားကြောင်းလည်း ဂျာမနီအစိုးရက ပြောကြားထားသည်။
အားနည်းသူများအနေဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နေခြင်း သို့မဟုတ် အရွယ်ရောက်ပြီးသူများနှင့် အတူတကွမရှိခြင်းတို့ကြောင့် ၎င်းတို့အနေဖြင့် ဒုက္ခများ ကြုံတွေ့နေရသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ရွှေ့ပြောင်းအခြေချသူပေါင်း ၁၇၀၀ ကျော်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်း တူရကီမှနေ၍ လာဘော့စ်နှင့် အခြားအေဂျီယန်ကျွန်းများသို့ ရောက်ရှိလာပြီး နောက် အန္တရာယ်များသောအေဂျီယန်ပင်လယ်ကို ဖြတ်ကျော်မှုများအား ကာကွယ်ရန် တူရကီကမ်းခြေစောင့်တပ်များကို မတ် ၇ ရက်တွင် အာဒိုဂန်က အမိန့်ပေးခဲ့သည်။
သို့သော် ရွှေ့ပြောင်းအခြေချသူများနှင့် ဒုက္ခသည်များကို လက်ခံပြီး ထိခိုက်မှုမရှိစေဘဲ ကုန်းကြောင်းလမ်းအတိုင်း ထွက်ခွာခွင့်ပြုရေးသည် တူရကီ၏ မူဝါဒဖြစ်ကြောင်းနှင့် ညွှန်ကြားချက်မှာ ပင်လယ်ရေကြောင်းခရီးမှ ဖြတ်ကျော်မှုများအပေါ်သာ သက်ရောက်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
