အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီ ၃ ရက်မှစတင်၍ ကျင်းပလျက်ရှိသော ဒီမိုကရက်တစ် သမ္မတလောင်းရွေးကောက်ပွဲများတွင် တစ်ပြေးနေသူ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းနှစ်ဦး ထွက်ပေါ်လာပြီဖြစ်သည်။
ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ဗားမွန့်ပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဘာနေးဆန်းဒါးတို့သည် ဒီမိုကရက်တစ်သမ္မတလောင်းနေရာအတွက် မဲဆွယ်စည်းရုံးမှုအသစ်ကို မတ် ၇ ရက်တွင် အပြိုင်အဆိုင် စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ရွေးကောက်ပွဲအခြေအနေအတွင်း အများက ယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းနှစ်ဦးထိ လျော့နည်းစပြုလာစဉ် ဘာနေးနှင့်ဘိုင်ဒင်တို့သည် ကျန်ရွေးကောက်ပွဲများတွင် နှစ်ဦးသား ထိပ်တိုက်တွေ့နိုင်ရန် ပြင်ဆင်နေကြသည်။
မတ် ၁၀ ရက်တွင် ပြည်နယ်ခြောက်ခုထက်မနည်း (အီဒါဟို၊ မီချီဂန်၊ မစ္စစ္စပီ၊ မစ်ဇိုရီ၊ မြောက်ဒါဂိုတာ၊ ၀ါရှင်တန်) တို့၌ ကျင်းပမည့် ပါတီသမ္မတလောင်းရွေးကောက်ပွဲတွင် မိမိသည်သာ အကောင်းဆုံးရွေးချယ်မှုဖြစ် သည်ကို ပြသနိုင်ရန် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီက ဆန္ဒရှိနေကြပြီး နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဒေါ် နယ်ထရန့်နှင့် ယှဉ်ပြိုင်ရန် အခွင့်အရေးအတွက် အပြိုင်ကြိုးပမ်းနေကြသည်။
“ပုဂ္ဂိုလ်နှစ်ဦးတည်း ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဘယ်ကိုယ်စားလှယ်လောင်းက ထရန့်ကို အနိုင်ယူနိုင်မလဲလို့ ဒီတစ်နိုင်ငံလုံး က ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်နေကြမှာပါ။ အတူတူ ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့က ထရန့်ကိုအနိုင်တိုက်နိုင်တဲ့ တိုက်ပွဲစဉ်တစ် ရပ်ဖြစ်တယ်ဆိုတဲ့အချက်က ကျွန်တော်ရဲ့ အတွေးထဲမှာ သံသယဖြစ်စရာ လုံးဝမရှိပါဘူး ” ဟု ဘာနေးဆန်းဒါးက မီချီဂန်ပြည်နယ် ဒီးယားဘွန်းမြို့တွင် ပြုလုပ်သော မဲဆွယ် စည်းရုံးပွဲတွင် ပြောကြားခဲ့သည်။
ထိုအချိန်တွင် မစ်ဇိုရီပြည်နယ် စိန့်လူးဝစ်မြို့တွင် မဲဆွယ်စည်းရုံးမှုလုပ်ဆောင်နေ သည့် ဂျိုးဘိုင်ဒင်က ဆန်းဒါးအား ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ပြည်သူများအနေဖြင့် ရာသက်ပန် ဂုဏ်ယူထိုက်သည့် ဒီမိုကရက် ၀ါဒီတစ်ဦးကို အဆိုပြုလိုပါက မိမိအား ရွေး ချယ်သင့်ကြောင်း၊ ဆန်းဒါးသည် တစ်သီး ပုဂ္ဂလအဖြစ် သမ္မတလောင်းရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ထားခြင်းဖြစ်ကာ ၎င်းက ကိုယ့်ကိုယ်ကိုယ် ဒီမိုကရက်တစ် ဆိုရှယ်လစ် ၀ါဒီတစ်ဦးအဖြစ် ဖော်ထုတ်နေကြောင်း ဘာနေးက လူအုပ်အား ပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာကြာ လူကြိုက်နည်းသော ရပ်တည်ချက်များနှင့် ပါတီများ ထူထောင်ကြမှုကို ၎င်းအနေဖြင့် ဆန့်ကျင်ခဲ့ကြောင်း၊ ထိုသို့ဆန့်ကျင်ခဲ့မှုကြောင့် ၎င်းသည် ယခုအချိန်တွင် နိုင်ငံရေးအရပြောင်းလဲမှုကို စ၊ လယ်၊ ဆုံးဦးဆောင်ရန် ယုံကြည်အား ကိုးထိုက်သူတစ်ဦး ဖြစ်လာခြင်းဖြစ်ကြောင်း ၁၉၉၁ ခုနှစ်ကတည်းက လွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဆန်းဒါးက ဆိုသည်။ လူငယ်မဲဆန္ဒရှင်များ၊ လူနည်းစုအဖွဲ့အစည်း များနှင့် အလုပ်သမားများကို စည်းရုံးခြင်းဖြင့် ဒီမိုကရက်တစ်သမ္မတလောင်း ရွေးကောက် ပွဲများတွင် မဲလာပေးသူအရေအတွက် မြင့်တက်လာစေရန် ကြိုးပမ်းမည်ဟု ဆန်းဒါးက ကတိပြုထားသည်။
စပိန်စကားပြောအနွယ်ဝင်များ၏ အင်တိုက်အားတိုက်ထောက်ခံမှုဖြင့် ဆန်းဒါးသည် နီဗားဒါးပြည်နယ်နှင့် ကယ်လီဖိုးနီးယားပြည်နယ်တွင် ကျင်းပခဲ့သော ဒီမိုကရက်တစ် သမ္မတလောင်းရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် တောင်ကယ်ရိုလိုင်းနားပြည်နယ်နှင့် ဒိပ်ဆောက်ဒေသတို့ တွင်ကျင်းပသော ပါတီသမ္မတလောင်း ရွေးကောက်ပွဲတွင်မူ အာဖရိကန်-အမေရိ ကန်များ၏ထောက်ခံမှုဖြင့် ပြိုင်ဘက် ဘာနေးက အနိုင်ရရှိထားသည်။
ထို့ကြောင့် မတ် ၁၀ ရက်တွင် ပြည်နယ် ခြောက်ခု၌ ကျင်းပမည့် ဒီမိုကရက်တစ် သမ္မ တလောင်းရွေးကောက်ပွဲများတွင် ထိုပုဂ္ဂိုလ် နှစ်ဦးအကြား ပြိုင်ဆိုင်မှုပြင်းထန်နေဦးမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
