Top News

တရုတ်တွင် ဗိုင်းရပ်စ်ကူးစက်လူနာများနှင့်ထိတွေ့ခဲ့သူများအား ရောဂါခြေချုပ်ဖြင့်ထားသည့်ဟိုတယ် ပြိုကျမှု ဖြစ်ပွား
24htopnews | September 28, 2024 2:12 PM CST

 

 

တရုတ်အရှေ့ပိုင်းတွင် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများ အား ရောဂါခြေချုပ်ဖြင့်ထားရှိသည့် ဟိုတယ် တစ်လုံးသည် မတ် ၇ ရက်ညပိုင်းတွင် ပြိုကျ ခဲ့ပြီးနောက် လူဒါဇင်များစွာ ပိတ်မိနေခဲ့ ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ သည်။

 

ကမ်းရိုးတန်းမြို့ ကွမ်ကျိုးရှိ ရှင်ကျားဟိုတယ် အပျက်အစီးများအောက်မှ လူ ၄၀ နီးပါးကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း အရေးပေါ်အခြေအနေ စီမံခန့်ခွဲသည့် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ညအမှောင်ထဲတွင် ထိုဟိုတယ်အပျက်အစီးများအောက်မှ အသက်ရှင်ကျန်သူများအား ကယ်ဆယ်ရေးများက လိုက်လံရှာဖွေနေပြီး အလွန်အမင်းကြီးမားသော အပျက်အစီးအောက်တွင် ပိတ်မိနေသည့် အမျိုးသမီးတစ်ဦးအား ကယ်ဆယ်ရေးများက အားပေးနေကာ အခြားသူများအား လူနာတင်ယာဉ်များဖြင့် ခေါ်ဆောင်သွားမှုကို ရိုက်ကူးထားသည့် ဗီဒီယိုအပိုင်းသည် မိုက်ခရိုဘလော့ဝေပိုတွင် ပျံ့နှံ့ခဲ့သည်။

ဟိုတယ်၏ရှေ့မျက်နှာစာသည် တစ်စစီပြိုကျခဲ့ဖွယ်ရှိပြီး အဆောက်အအုံ၏ သံမဏိချောင်းများလည်း ပေါ်ထွက်လာခဲ့သည်။

ဖူကျန်းပြည်နယ် အာဏာပိုင်များက ထိုအဆောက်အအုံပြိုကျသည့်နေရာသို့ ကယ်ဆယ်ရေးဝန်ထမ်း ၁၅၀ ခန့် စေလွှတ်ခဲ့ကြောင်း အစိုးရရုပ်သံ CCTV က ထုတ်လွှင့်ခဲ့သည်။ ပေကျင်းမှ ကိုယ်စားလှယ်များသည်လည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီပေးရန် ကွမ်ကျိုးသို့ သွားနေပြီဖြစ်ကြောင်း အစိုးရသတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

ကွမ်ကျိုးမြို့တွင် COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ၄၉ မှုရှိကြောင်း ထုတ်ပြန်ထားသည်။ ပြီးခဲ့သော နှစ်နှစ်ကမှ ဖွင့်လှစ်ခဲ့သော ထိုဟိုတယ်သည် အတည်ပြုလူနာများနှင့် မကြာသေးမီက ထိတွေ့ခဲ့သူများကို ထားရှိရန် ရည်ရွယ်ခဲ့ကြောင်း အစိုးရသတင်းစာ People’s Daily က ဖော်ပြခဲ့သည်။

တရုတ်တွင် အဆောက်အအုံပြိုကျမှုများနှင့် လူသေဆုံးမှုရှိသော ဆောက်လုပ်ရေးဆိုင်ရာ မတော်တဆမှုများသည် အထူးအဆန်း မဟုတ်တော့ပေ။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံအရှေ့ပိုင်း ဝမ်ကျိုးမြို့၌ အထပ်မြင့်အဆောက်အအုံပြိုကျမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်။

 


READ NEXT
Cancel OK