Top News

ရို့စ်က Atlantic Records နှင့် စာချုပ်ချုပ်၍ သီချင်းအသစ်တစ်ပုဒ်လုပ်နေ
24htopnews | September 28, 2024 2:12 PM CST

ဆိုးလ်၊စက်တင်ဘာ ၂၇

Blackpink တေးသံရှင် ရို့စ်က ၎င်းသည် အမေရိကန် တေးဂီတအဖွဲ့ Atlantic Records နှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်ကကြေငြာခဲ့ပြီး အဆိုပါ Atlantic Records နှင့်စာချုပ်ချုပ်ထားသည့်အခြားအနုပညာရှင်များတွင် Bruno Mars၊ Charlie Puth နှင့် Coldplay တို့လည်းပါဝင်သည်ဟုဆိုသည်။

ယခုကြေငြာချက်ကို ရို့စ်က The Black Label အေဂျင်စီနှင့်စာချုပ်ချုပ်ခဲ့ကြောင်းကြေငြာပြီး လအတန်ကြာတွင် ထုတ်ပြန်ခြင်းဖြစ်သည်။

၎င်း၏ဆိုရှယ်မီဒီယာပို့စ်တွင် ရို့စ်က မကြာခင် သီချင်းအသစ်ထွက်တော့မည့်အကြောင်း အရိပ်အမြွက်ရေးသားထားပြီး “လာမယ့်လအနည်းငယ်အတွင်းမှာ ထုတ်လွှင့်ဖို့ပြင်ဆင်ထားတဲ့သီချင်းသစ်အတွက် အားလုံးအဆင်သင့်ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်၊ပရိသတ်‌တွေကိုလည်း နားထောင်စေချင်လှပါပြီအားလုံးကိုလွမ်းပါတယ်” ဟုလည်းဆိုသည်။

ရို့စ်သည် ၂၀၂၁ ခုနှစ်ကလည်း တောင်ကိုရီးယားနိုင်ငံ၏ Gaon Album Chart တွင် အမျိုးသမီးတစ်ကိုယ်တော်သီဆိုသူအယ်လ်ဘမ်များအနက် ရောင်းအားအကောင်းဆုံးအယ်လ်ဘမ်ဖြစ်လာသည့် သူ၏ ပွဲဦးထွက်အယ်လ်ဘမ် R ကိုလည်းထုတ်ဝေခဲ့သေးသည်။

Source : စီအင်န်အေ/အိတ်ခ်ျကျူ


READ NEXT
Cancel OK