ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား (၁၂၀)ကျော်ကို မြန်မာနိုင်ငံ၊ကော့သောင်းမြို့သို့ စက်တင်ဘာ ၂၆ ရက်နေ့က ပြန်ပို့ခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးသည့် မြန်မာနိုင်ငံသား (၁၂၇)ဦးကို ယနေ့ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများကို ကော့သောင်းမြို့ သက်ဆိုင်ရာတာဝန် ရှိသူများက ကိုဗစ်(၁၉)ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက် စစ်ဆေးခြင်းနှင့် အသိပညာပေးမှုများလုပ်ဆောင်ခဲ့ကြပြီး၊ ကိုဗစ်ရောဂါ သံသယရှိသူများကို စောင့်ကြည့်ရေးစင်တာတွင် ယာယီထားရှိကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်သံသယ မရှိသူများကို ၎င်းတို့နေရပ်သို့ ပြန်လည်ရောက်ရှိရေး ကော့သောင်းမြို့တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မိုးဦး ( မြိတ်)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
