စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ မေတ္တာလမ်း၊ လမ်းသွယ်(၁)ရှိ “နဝရတ်” စိန်နှင့် ပလက်တီနမ်ဆိုင်ကို စက်တင်ဘာလ (၂၆) ရက် မွန်းတည့် (၁၂) နာရီဝန်းကျင်က အမျိုးသမီး (၂)ဦးအပါအဝင် လူ(၅)ဦးက အနုကြမ်းစီးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“နဝရတ်” စိန် နှင့် ပလက်တီနမ်ဆိုင်အနေဖြင့် စီစီတီဗွီမှတ်တမ်းတွင်ပါဝင်သည့် အဆိုပါ အနုကြမ်းစီးသူများနှင့် မသင်္ကာစရာတစ်စုံတစ်ရာတွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးရန်လည်း အကူအညီတောင်းခံထားသည်။
ဖြစ်စဉ်မှာ ကျား(၃)ဦး မ(၂)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့်လာရောက်ပြီး ဈေးဝယ်ဟန်ဆောင်၍ ဝင်ရာက်လာကာ လက်နက်ပြခြိမ်းခြောက်ပြီး ဖုန်း(၅)လုံး၊ Laptop(၁)လုံး အိမ်ရှိ စိန် ၊ ရွှေ ၊ပလက်တီနမ် အတွင်းပစ္စည်း အားလုံးယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“နဝရတ်” စိန် နှင့် ပလက်တီနမ်ဆိုင်အနေဖြင့် အနုကြမ်းစီးသည့် စီစီတီဗွီရုပ်သံဖိုင် ၊ ဓာတ်ပုံများနှင့် အကူအညီတောင်းခံစာများကို လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် မျှဝေထားပြီး ထပ်ဆင့်မျှဝေမှုများလည်း အများအပြား ရှိနေသည်ကို တွေ့ရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
