အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ဟိန္ဒူပွဲ တော်တစ်ပွဲကျင်းပနေချိန် ကလေး ၃၇ ဦးအပါအဝင် လူ ၄၆ ဦးထက်မနည်း ရေနစ်သေဆုံးခဲ့သည်ဟု ဒေသခံအစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၆ ရက်တွင် အေအက်ဖ် ပီသတင်းကို ပြောပြခဲ့သည်။
ဘီဟာပြည်နယ်၌ သီးခြားဖြစ်စဉ်အတွင်း မကြာသေးမီက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြစ်များနှင့် ကန်များတွင် ဘာသာရေးဓလေ့အရ ရေချိုးခြင်းဓလေ့ကို ဆောင်ရွက်နေစဉ် ရေနစ်သေ ဆုံးခဲ့ကြခြင်းဖြစ်သည်ဟု ဘီဟာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လူတွေက ဒီပွဲတော်ကို ကျင်းပဖို့ ရေချိုးနေချိန် မြစ်တွေနဲ့ကန်တွေမှာ အန္တရာယ်ရှိတဲ့အဆင့်အထိ ရေတက်နေ တာကို လျစ်လျူရှုခဲ့ကြပါတယ်”ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။
မိခင်၏ ခြင်းချက်မရှိ ချစ်ခြင်း၏နိမိတ်ပုံကို ရည်ညွှန်းသည့် Jitiya Parv ပွဲတော်ကို ဘီဟာပြည်နယ်၏ ခရိုင် ၁၅ ခုတွင် စက်တင်ဘာ ၂၄ ရက်မှစ၍ ပြုလုပ်ချိန်၌ ယင်းရေနစ်သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များသည် အခြားအလောင်းသုံးလောင်းကို ပြန်လည်ရယူနိုင်ရန် ဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။ အိမ်နီးချင်းဥတ္တရာ ပရာဒက်ရှ်နှင့် ဂျေဟာခန်းပြည်နယ်များအပြင် နီပေါ၏ တောင်ပိုင်းနေရာ အများအပြား၌ ယင်းပွဲတော်ကို ရက်ပေါင်းများစွာကြာ ပြုလုပ်ဆင်နွှဲကြသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
