ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှ မီးလောင်ဆုံးရှုံးခဲ့ရသည့် နေအိမ် (၁၄၇) လုံးအား ပြန်လည်ဆောက်လုပ်ရန် ငွေကျပ် ၂၉,၄၀၀,၀၀ဝိ( နှစ်ရာကိုးဆယ့်လေးသိန်း)ကို ယမန်နေ့ စက်တင်ဘာ (၂၆) ရက်၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ဒေသခံ စစ်ဘေးသင့်ပြည်သူ (၃,၇၀၅) ဦးအတွက် ကျပ်သိန်း ၁၅၀ ကျော်တန်ဖိုးရှိ ဆန်ရိက္ခာနှင့် ကျပ်သိန်း ၁၅၀ကျော် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများကိုလည်း သီးခြားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မှုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးအပ်မှုအပေါ် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများကတဆင့် သွားရောက်ပေး အပ်ခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါ ကျေးရွာနေ ဒေသခံပြည်သူများ၏ စားဝတ်နေရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အစားအသောက်၊ အဝတ်အထည်၊အိမ်ဆောက်ပစ္စည်းများ ၊ ကယ်ဆယ်ရေး ပစ္စည်းများ ပြည်စုံစွာ ကူညီဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအပြင် မွန်ပြည်နယ်အစိုးရအဖွဲ့တို့က ကူညီထောက်ပံ့လျက်ရှိကြောင်း သိရသည်။
ထို့အတူ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က ကျိုက်မရောမြို့၊ အောင်သုခရပ်ကွက်သို့ သွားရောက်၍ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီး အခြေအနေအတွင်း ကြိုတင်ကာကွယ်နိုင်ရေး Cyclone Shelter ၊ စားနပ်ရိက္ခာသိုလှောင်နိုင်မည့် ဂိုထောင်များကို ကြည့် ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အရေးပေါ် တုန့်ပြန်နိုင်ရေးကြိုတင် စီမံဆောင်ရွက်ထားကြရန် လည်း မှာကြားခဲ့သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
