ယခုနှစ်အတွင်း ကရင်ပြည်နယ်၌ နှစ်ကြိမ်တိုင်တိုင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဒုတိယတစ်ကြိမ်တွင် မိုးစပါးစိုက်ဧက (၃၅၃၉၁) ဧက ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်အစိုးရမှ ရေနစ်မြုပ်ခဲ့သည့် ဘားအံမြို့နယ်ရှိကျေးရွာအုပ်စု(၂၇)အုပ်စု၊ လှိုင်းဘွဲမြို့နယ်ရှိကျေး ရွာအုပ်စု (၆) အုပ်စုတို့မှ မိုးစပါးထိခိုက်ပျက်စီး တောင်သူများအား မျိုးစပါးတင်း ၂၀၀၀ ၊ ယူရီးယားဓါတ်မြေဩဇာ ၂၅၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သလို ကရင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် မျိုးစပါးတင်း ၁၀၀၀ ကို ထပ်မံမှာယူထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံတင်ပြ၍ ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကာ လိုအပ်သည့် စက်သုံးဆီများကို တောင်သူများမှ သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းပြည်နယ်အတွင်း ပထမအကြိမ်ရေကြီးရေလျှံမှုဖြစ်စဉ်တွင် စိုက်ပျိုးပြီးမိုးစပါး (၁၃၁၄၆)ဧက ပျက်စီးခဲ့ပြီး အဆိုပါလယ်မြေများ ပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် ထိခိုက်မိုးစပါးများအထွက်လျော့နည်းခြင်း မရှိစေရန် ပြည်နယ်အစိုးရက မျိုးစပါး (၃၅၂၀)တင်း၊ ယူရီးယား ဓါတ်မြေဩဇာ(၇၅၀) အိတ်၊ ပိုတက်ရှ်ဓါတ်မြေဩဇာ(၅၀၀)အိတ်နှင့် ပိုးသတ်ဆေးဖျန်းပုံး(၁၀၀)ပုံးတို့ကို ဝယ်ယူ၍ တောင်သူများကို ဖြန့်ဖြူးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
