ထိုင်းနိုင်ငံတွင် ကျောက်ဖရားမြစ်ရေ မြင့်တက်မှုကြောင့် နွန်ဌာဘူရီပြည်နယ်တစ်ဝန်းရှိ လူနေဒေသ ၃၀ ခန့်မှ ဒေသခံများအနေဖြင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေအတွက် ပြင်ဆင်ထားကြရန် သောကြာနေ့တွင် သတိပေးခဲ့သည်။
ထိုင်းနိုင်ငံ အထက်ပိုင်းတွင် ရက်အတော်ကြာ မိုးသည်းထန်မှုများဖြစ်နေခဲ့ခြင်းကြောင့် ကျောက်ဖရားဆည်မှ ရေများ တိုးမြှင့်ထုတ်လွှတ်ရန် လိုအပ်နေသည်ဟု ပြည်နယ် သဘာဝဘေး ကာကွယ်တားဆီးရေးနှင့် လျှော့ချရေး ကွပ်ကဲမှုဌာနက သတိပေးခဲ့သည်။
Mueang Nakhon Sawan ခရိုင်ရှိ C2 ရေပိုလွှဲမှ ရေထုတ်လွှတ်မှုသည် စနေနေ့တွင် တစ်က္ကန့်ကို ၂၀၀၀ မှ ၂၁၀၀ ကုဗမီတာအထိ ရောက်ရှိလာမည်ဖြစ်သည်ဟု တော်ဝင် ဆည်မြောင်းဦးစီးဌာနက ခန့်မှန်းကြောင်း ၎င်းစင်တာက ပြောသည်။
ကျောက်ဖရားမြစ်နှင့် ၎င်း၏ တူးမြောင်းများအနီး နေထိုင်သူများ အထူးသဖြင့် ကြာသပတေးနေ့တွင် ရေထုတ်လွှတ်မှု တစ်စက္ကန့်လျှင် ၁,၂၈၆ ကုဗမီတာအထိ ရှိခဲ့သော အယုဒ္ဓပြည်နယ် Bang Sai ခရိုင်ရှိ C29 ရေပိုလွှဲအနီး နေထိုင်သူများအနေဖြင့် ရေကြီးမှုအခြေအနေကို အထူးဂရုပြုစောင့်ကြည့်ရန် စင်တာက တိုက်တွန်းခဲ့သည်။
အကူအညီလိုအပ်သူများအနေဖြင့် နွန်ဌာဘူရီ သဘာဝဘေး ကာကွယ်တားဆီးရေးနှင့် လျှော့ချရေး ကွပ်ကဲမှုစင်တာ၏ ဖုန်းနံပါတ် ၀၂ ၅၉၁ ၂၄၇၁ ၊ သဘာဝဘေး ကာကွယ်တားဆီးရေးနှင့် လျှော့ချရေး(DDPM) ၏ hotline နံပါတ် ၁၇၈၄ တို့သို့ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။
Ref: သည်နေရှင်း


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
