လာမည့်အောက်တိုဘာလ (၃) ရက်မှ (၆) ရက်အထိ ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ (၃)ရက်တိတိတက်မည်ဖြစ်သော်လည်း စိုးရိမ်ရမည့် အခြေအနေမဟုတ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေး ထုတ်ပြန်ထားသည်။
ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ( ၂၀. ၀၁) ပေခန့်မှ (၂၀.၁၈) ပေခန့်အထိ ဒီရေတက်လာနိုင်ပြီး ၂၀၁၄ ခုနှစ်နှင့်၂၀၁၅ နှစ်တို့တွင် (၂၂) ပေခန့်အထိ တက်ဖူးသည့်အတွက် စိုးရိမ်ဖွယ်မရှိကြောင်း အသိပေးထားသည်။
သို့သော် ရန်ကုန်မြစ်ကမ်းအနီး နေထိုင်ကြသူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထားသည်။
ထို့ပြင် ဒီရေတက်ချိန်တွင် ပင်လယ်နှင့်နီးသည့် ပင်လယ်ကမ်းရိုး တန်းဒေသများ၊ ရန်ကုန်တွင် ပင်လယ်မြစ်ဝနှင့်နီးသည့်သန်လျင်၊ ခရမ်းသုံးခွစသည့် နေရာဒေသများ၊ ပုစွန် တောင်ချောင်း၊ ငမိုးရိပ် ချောင်းနှင့်နီးသည့် နေရာများတွင် ရေတက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
