နူးဒေလီ၊စက်တင်ဘာ ၂၈
အိန္ဒိယနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်နေသူ လူနာတစ်ဦး ကိုထပ်မံတွေ့ရှိခဲ့ပြီး ယခုအခါ လူနာတွေ့ရှိသူစုစုပေါင်း ၃ ဦး အထိ ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။
အစိုးရပိုင် အသံလွှင့် မီဒီယာဖြစ်သော အောလ်အင်ဒီးယား ရေဒီယို၏ဖော်ပြချက်အရ ကီရာလာပြည်နယ်ရှိ အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးတွင် ရောဂါစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါပြည်နယ်၏ ဒုတိယမြောက်ကူးစက်မှုဖြစ်ကြောင်းလည်းသိရသည်။
ပြည်ပမှ အိန္ဒိယနိုင်ငံ ကိုချီမြို့သို့ပြန်လာသည့်အဆိုပါအမျိုးသားကို ဆေးကုသမှုခံယူရန် ပုဂ္ဂလိကဆေးရုံ၌တင်ထားခြင်းဖြစ်ပြီး ၎င်းကိုစစ်ဆေးသည့်ရလဒ်အရ မျောက်ကျောက်ရောဂါဟု အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကီရာလာ ပြည်နယ် ကျန်းမာရေးဝန်ကြီးက အရေးပေါ်အစည်းအဝေးခေါ်ကာ အဆိုပါအမျိုးသားနှင့်ထိတွေ့မှုရှိခဲ့သူတိုင်းကို စုံစမ်းရန်နှင့်ကူးစက်မှုကိုကြိုတင်ကာကွယ်နိုင် ရေး အတွက် ပြင်ဆင်မှုများလုပ်ဆောင်ရန်ညွှန်ကြားခဲ့သည်။
ပြည်ပမှပြန်ဝင်လာသူများအနေဖြင့်လည်း မိမိတို့၏ရောဂါကိုထိန်ချန်မထားဘဲ ပွင့်ပွင့်လင်းလင်းအစစ်ဆေးခံပြီး ကုသမှုခံယူရန်အရေးကြီးသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
