ဂျကာတာ၊စက်တင်ဘာ ၂၇
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းရှိ တရားမဝင်မိုင်းတွင်းတစ်ခုတွင် မြေပြိုခဲ့ရာ လူ ၁၅ ဦးထက်မနည်းေ-သဆုံးပြီး ဒါဇင်နှင့်ချီ၍ပျောက်ဆုံးနေကြောင်းသိရသည်။
လိုင်စင်မဲ့တရားမဝင်မိုင်းတွင်းများသည် သယံဇာတကြွယ်ဝသည့် အင်ဒိုနီးရှား၌ပေါများပြီး ထိုလုပ်ကွက်များက စွန့်ပစ်ထားသည့် မိုင်းတွင်းဟောင်းများ၌ လုံခြုံရေးကိရိယာအပြည့်အစုံမပါဘဲ ထမင်းစားကျောက်ရှာလေ့ရှိသည့် ဒေသခံများအတွက် အန္တရာယ်တစ်ခုလည်းဖြစ်သည်။
ယခုဖြစ်စဉ်သည် အနောက်ဆူမားတြားပြည်နယ်ရှိ ဝေးလံခေါင်သီသောဒေသတစ်ခု၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ေ-သဆုံးသူများသာမက ပျောက်ဆုံးနေသူများအတွက်ပါ ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်နေသည်ဟုသိရသည်။
အခင်းဖြစ်ပွားရာ နေရာသည် ဝေးလံလွန်းလှသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးသမားများ လွယ်လင့်တကူရောက်ရှိရန် ခက်ခဲသောကြောင့် ကြန့်ကြာမှုအနည်းငယ်လည်းရှိနေသည်ဟု တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိမိမိမြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်စေရန် ဒေသခံများဘက်ကလည်း ဝိုင်းဝန်းကူညီပေးလျက်ရှိသည်ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။ အင်ဒို၌ အထူးသဖြင့် နိုဝင်ဘာနှင့်ဧပြီလများကြားကာလသည် အများဆုံး မြေပြိုလေ့ရှိသည့် အချိန်များလည်းဖြစ်သည်။
ဇူလိုင်လကဖြစ်ပေါ်ခဲ့သည့်မြေပြိုမှုကြောင့် လူ ၂၇ ဦးေ-သဆုံးပြီး မေလကလည်း မြေပြို၍ လူ ၁၅ ဦးေ-သဆုံးခဲ့ကာ ပြီးခဲ့သည့်လကလည်း လူ ၂၀ ဦးေ-သဆုံးစေခဲ့သည့်မြေပြိုမှုဖြစ်ခဲ့သေးသည်။
Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
