အေသင်၊စက်တင်ဘာ ၂၇
တရုတ်နိုင်ငံအနေဖြင့် ဂရိနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို အကောင်အထည်ဖော်တော့မည်ဟုဆိုသဖြင့် ဂရိနိုင်ငံက ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
နူးယော့ခ်မြို့၌ကျင်းပခဲ့သည့် ကုလ သမဂ္ဂအထွေထွေညီလာခံပြင်ပ၌ ဂရိနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက တရုတ်အနေဖြင့် နှစ်နိုင်ငံပြည်သူများအကြား ယဉ်ကျေးမှုဖလှယ်ရေးကိုအားကပိုမို ခိုင်မာစေမည့် ဗီဇာကင်းလွတ်ခရီးသွားလာခွင့်ကို အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါဟာသတင်းကောင်းပါပဲ၊တရုတ်နိုင်ငံအနေနဲ့ ဂရိနှင့်စီးပွားရေးဆက်ဆံမှုပိုမိုရရှိလာဖို့နဲ့ ပြည်သူတွေအချင်းချင်းကြား ယဉ်ကျေးမှုဖလှယ်ဖို့အခွင့်အလမ်းပိုများလာစေဖို့လုပ်ဆောင်တဲ့အရာတစ်ခုပါပဲ” ဟုလည်း အေသင်ဒုတိယမြို့တော်ဝန်ဟောင်း ဂရိ-တရုပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အသင်း ဂုဏ်ထူးဆောင် နာယက ကပြောကြားခဲ့သည်။
ယခုအစီအစဉ်သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှုအပြင် ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုဖလှယ်ရေးများတွင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းဖန်တီးပေးကာ ခရီးသွားလာရေးကို အဆင်ပြေ ချောမွေ့စေမည်မှာ သံသယ ဖြစ်စရာ မလိုကြောင်း ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
