နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် အခြေခံပညာကျောင်း (၃၇) ယာယီပိတ်ထားခဲ့ရာမှ လက်ရှိတွင် (၃၅) ကျောင်းအထိ ပြန်လည် ဖွင့်လှစ်၍ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၅၇) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄) ကျောင်း စုစုပေါင်း (၆၃) ကျောင်းရှိရာ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေနှင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း (၃၇) ကျောင်းအတွင်း ရေများဝင်ရောက်ခဲ့ပြီး ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ရေပြန်လည်ကျဆင်းသွားချိန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အခြေခံပညာများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးများလုပ်ဆောင်ခဲ့ရာ လက်ရှိတွင်အခြေခံပညာကျောင်း (၃၅) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် စည်ပင်ကြီး အခြေခံပညာအထက်တန်း ကျော င်း(ခွဲ)နှင့် ချောင်းကမ်းကြီး အခြေခံပညာမူလတန်းကျောင်းများ အမြန်ဆုံးဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေး ကျောင်းဝန်းအတွင်းရှိ နုန်းမြေများ၊ အမှိုက်များနှင့် စာသင်ဆောင်များ စုပေါင်းသန့်ရှင်းရေးကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
