မြန်မာပြည်ဖွား ကယန်းလက်ဝှေ့မယ် ဘရော်နီကာအနေဖြင့် လာမည့်နှစ် ဇန်နဝါရီလအတွင်း ONE နှင့် စာချုပ်ချုပ်ဆိုသွားမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ဘရော်နီကာအနေဖြင့် ယခုနှစ်အတွင်း Thai Fight ဖြင့် စာချုပ်ပြည့်မည်ဖြစ်သည့်အတွက် ONE ၏ ကမ်းလှမ်းချက်အရ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။
စာချုပ်ကိစ္စနှင့်ပတ်သက်၍ ဘရော်နီကာအား ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်ပြီး၊ အနီးစပ်ဆုံး Official Source ၏ တိုက်ရိုက်ဖြေကြားချက်အရ ဘရော်နီကာ အနေဖြင့် ONE နှင့် လက်တွဲရန် လာမည့် ဇန်နဝါရီလအတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်ဟု စိုးနေ့သစ် အားကစား စာမျက်နှာတွင် ယနေ့ဖော်ပြထားသည်။
ဘရော်နီကာ၏ ပရိတ်သတ်များကလည်း Thai Fight နှင့် စာချုပ်ပြည့်ပါက သူမအား ONE ပွဲစဉ်များတွင် ယှဉ်ပြိုင်ထိုးသ-တ်စေရန် ဆန္ဒရှိနေကြသည်။
ပြိုင်ပွဲများနှင့် ကာလကြာကင်းကွာနေသည့် ဘရော်နီကာ သည် ပြီးခဲ့သည့် ဩဂုတ်လ (၄)ရက်၌ Thai Fight က ကျင်းပပြုလုပ်သည့် ပွဲစဉ်တစ်ခုတွင် အာဂျင်တီးနား ဖိုက်တာ Flor encia ကို အလဲထိုးဖြင့် အနိုင်ရရှိထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ဘရော်နီကာအနေဖြင့် အမေရိကန်နိုင်ငံသို့ မထွက်ခွါခင်ရက်ပိုင်းအလို၌ ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်၊ ချင်းတိုင်းရင်းသားဖိုက်တာ တီယန်ထန်တို့နှင့် တွေ့ဆုံမည်ဆိုသည့်အကြောင်း ရေးသားမျှဝေရာမှတစ်ဆင့် ONE နှင့် လက်တွဲ၍ ပြိုင်ပွဲများပြုလုပ်တော့မည်ဆိုသည့် သတင်းများလည်း ပျံနှံ့ခဲ့သေးသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
