ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကျေးရွာချင်းဆက် သစ်တိုးချောင်းဇောက်ရိုးတံတားနှင့် မြို့ရှောင်လမ်း-ကွမ်းခြံလမ်းပိုင်းအား ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဒေသခံများ ဆက်သွယ်သွားလာလျက်ရှိကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ကျေးရွာများသို့ ဆက်သွယ်ထားသည့် လမ်းအချို့ ရေတိုက်စား၍ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ လမ်းများအနက် ပေါင်းလောင်း-အင်တိုင်းသာ-ဇီးကုန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သစ်တိုးချောင်း ဇောက်ရိုးတံတား (ပေ) ၅၀ ချဉ်းကပ်လမ်း ရေတိုက်စားသွားခြင်းအား ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်တင်ဘာ(၂၄) ရက်မှ စတင်ပြုပြင်လျက်ရှိရာ ယနေ့ စက်တင်ဘာ(၂၈) ရက်၊ နံနက်ပိုင်းက ပြုပြင်ပြီးစီးခဲ့ကြောင်း သိရသည်။
အလားတူ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် မြိုရှောင်လမ်း-ကွမ်းခြံ လမ်းပိုင်းအား ယမန်နေ့ စက်တင်ဘာ(၂၇) ရက်က ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဒေသခံများ ဆက်သွယ်သွားလာလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြုပြင်ပြင်ဆင်ရန် ကျန်ရှိနေသည့် လမ်းပိုင်းများကိုလည်း အမြန်ဆုံးပြီးစီးနိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာထံက သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
