ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လာမည့်နှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း နစကဒု-ဥက္ကဋ္ဌ ဒု-ဝန်ကြီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့ စက်တင်ဘာ (၂၇) ရက်တွင် ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅) ရက်တွင် အပြီးဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားပြီး အချိန်အကန့်အသတ်များရှိသည့်အတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အလျင်အမြန်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများကို အောက်တိုဘာလအတွင်း အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးလမ်းညွှန်မှာကြားထားသည့်အတွက် သတ်မှတ်ကာလအတွင်း ဖြစ်နိုင်သရွေ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက် ရေပြန်ကျချိန်များတွင် မိမိတို့၏ အိမ်များသို့ ပြန်လည်ပြီး အခြေချနေထိုင်နိုင်ရေးနှင့် ပျက်စီးမှုများ ပြုပြင်ပေးနိုင်ရေးကိုလည်း တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများနှင့် စပ်လျဉ်း၍ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များအလိုက် လမ်းပျက်စီးမှုများကို ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်း၊ လုံးဝပျက်စီးသွားသည့် တံတားများကို လတ်တလောသွားလာနိုင်ရန် ယာယီတံတားများဆောင်ရွက်ပေးရန်နှင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး လမ်းညွှန်မှာကြားထားသည့်အတွက် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
စက်တင်ဘာလ ဒုတိယပတ်က စတင်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် လူဦးရေ (၁) သိန်း (၄) သောင်းကျော် ရေဘေးသင့်ခဲ့ပြီး (၄၁၉) ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘာသာရေးအဆောက်အအုံ (၂၅၃)ကျောင်းနှင့် လမ်းတံတား (၉၂၆) ခု ရေမျော ပျက်စီးခဲ့သည့်အပြင် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များလည်း များစွာပျက်စီးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။











-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
