ဟားမတ်စ်အဖွဲ့အပေါ် ပြီးပြည့်စုံသော အောင်ပွဲမရမချင်း ဂါဇာကမ်းမြောင်ဒေသတွင် ၎င်းတို့၏ စစ်ရေးစစ်ဆင်ရေးကို အစ္စရေးက ရပ်တန့်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဘာလို့လဲဆိုတော့ ဂါဇာမှာ ဟားမတ်စ်တွေ ဆက်ရှိနေရင် ပြန်လည်စုဖွဲ့ပြီး အစ္စရေးကို ထပ်ခါထပ်ခါ တိုက်ခိုက်လိမ့်မယ်” ဟု နေတန်ယာဟုက မှတ်ချက်ပြုခဲ့သည်။
ဟားမတ်စ်တို့အားလုံး အပြည့်အ၀ လက်နက်ချကာ ဖမ်းဆီးထားသောဓ-ားစာခံအားလုံးကို လွှတ်ပေးရန် လိုအပ်ကြောင်း နေတန်ယာဟုက အလေးအနက် ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် ဂါဇာရှိ ဟားမတ်စ်တပ်ဖွဲ့ဝင် ၄၀,၀၀၀ ၏ ထက်ဝက်ကျော်ကို ရှင်းလင်း သို့မဟုတ် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့၏ ဒုံးပျံလက်နက်တိုက်များ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကာ ဟားမတ်စ်၏ တပ်ရင်း ၂၄ ရင်းအနက် ၂၃ ရင်းကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ကျုပ်တို့အနိုင်ရနေတယ်” ဟုလည်း အစ္စရေးဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
