၂၀၁၉ Ballon d'Or ဆုကို သတင်းများကြိုထွက်နေသည့်အတိုင်း ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ ဆွတ်ခူးခဲ့လျှင်လည်း အရှုံးမရှိဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အပတ်က ယခုနှစ်အကောင်းဆုံးဆုကို မက်ဆီရရှိခဲ့ပြီဟု ကတ်တလန်အခြေစိုက် Mundo Deportivo နေ့စဉ်ထုတ်အားကစားသတင်းစာက ဖွင့်ချခဲ့ပြီးနောက် ဗန်ဒိုက်မှာ အလေးပေးချက်များစွာအသာဖြင့် ဦးဆောင်နေရာမှ မက်ဆီ၏ အပြတ်အသတ် ဖြတ်ကျော်ခြင်းကို ခံခဲ့ရသည်။
နိုဝင်ဘာ ၃၀ ရက်ကလည်း လူမှုကွန်ရက်များတွင် ၂၀၁၉ Ballon d'Or ဆု ရပ်တည်မှုနှင့် ရမှတ်စာရင်း ပေါက်ကြားနေပြီး မက်ဆီ၊ ဗန်ဒိုက်နှင့် ဆာလာတို့က အစဉ်လိုက်ရပ်တည်နေသည်။
ဗန်ဒိုက်က ဆန်ခါတင်စာရင်းဝင်သည့် ကစားသမားများကြားတွင် အရှုံးဆိုသည်မှာမရှိကြောင်း မှတ်ချက်ပြုခဲ့သည်။
''ဒီညနေမှာ ရှုံးနိမ့်သူဆိုတာ မရှိပါဘူး။ နိုင်ငံအသင်းအတွက်ရော ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းအတွက်ပါ ခြေစွမ်းပြခဲ့တာကြောင့် ဒီစာရင်းထဲ ပါဝင်ခွင့်ရဖို့ အလွန်ပဲ ဂုဏ်ယူမိပါတယ်။ ကစားသမားအမြောက်အမြား ဒီအခွင့်အရေးမျိုး မရတာကလည်း ဂုဏ်ယူစရာအချက်ပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာ တွေ့မြင်ရလိမ့်မယ်''ဟု ဗန်ဒိုက်က ပြောကြားခဲ့သည်။
(၆၄) ကြိမ်မြောက်အဖြစ်ကျင်းပသည့် ယင်းအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Theatre du Chatelet၌ မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
