မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် ထိုင်းအသင်းနှင့်ပွဲအတွက် သေချာပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့့သည်။
ဦးဝင်းသူမိုးက "ကျွန်တော်တို့က ဆီမီးဖိုင်နယ်မှာ ထိုင်း၊ ဗီယက်နမ် တစ်သင်းသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းထဲက ဘယ်အသင်းနဲ့တွေ့ရင် မျှော်လင့်ချက်ပိုရှိမလဲဆိုတာ စဉ်းစားပြီး ထိုင်းနဲ့ တွေ့ဆုံဖို့ ကြိုးပမ်းခဲ့တာပါ။ တစ်ဖက်ပွဲရလဒ်ကို အမြဲစောင့်ကြည့်ခဲ့ပြီး ထိုင်းက (၅-၁)ဂိုးဖြစ်တဲ့အချိန်မှာ သူတို့က အုပ်စုဒုတိယဖြစ်ဖို့ သေချာသလောက်ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အုပ်စုပထမနေရာရဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ (၂)သင်းစလုံးက ခက်ခဲမှာသေချာပေမယ့် (၂)သင်းထဲက တစ်သင်းကို ရွေးချယ်ခဲ့တာပါ။ ဆီမီးဖိုင်နယ်ပွဲအတွက်လည်း သေချာပြင်ဆင်သွားမှာပါ။ ထိုင်းအသင်းနဲ့လည်း တွေ့ဆုံဖူးတာကြောင့် ဘယ်လိုကစားရမလဲဆိုတာ သေချာပြင်ဆင်သွားမှာပါ" ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းသည် သြဂုတ်လကကျင်းပသည့် ၂၀၁၉ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး ထိုင်းအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ထိုင်းအသင်းသည် ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ တွင် ရွှေတံဆိပ် (၅)ခုုဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေပြီး မြန်မာအသင်းမှာလည်း ထိုင်းကို အဓိက နိုင်ငံတကာပြိုင်ပွဲများတွင် အနိုင်မကစားနိုင်သည်မှာ ကြာမြင့်နေပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
