Top News

ကစားသမားဘဝ ပထမဆုံးအသင်းသို့ ပိုချက်တီနို သွားရောက်လည်ပတ်ခဲ့ပြီး အာဆင်နယ်နည်းပြရာထူးကို လက်မခံရန် မိတ်ဆွေသူငယ်ချင်းများ ၀ိုင်း၍တားမြစ်
24htopnews | September 28, 2024 11:12 PM CST

စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော ပိုချက်တီနိုသည် သူ၏ကစားသမားဘဝစတင်ခဲ့ရာ ပထမဆုံးအသင်းဟောင်းဖြစ်သည့် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းသို့ ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်လည်ပတ်ခဲ့ကြောင်း သိရှိရသည်။

ပိုချက်တီနိုသည် အာဂျင်တီး နားကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းတွင် လူငယ်ကစားသမားဘဝ စတင်ခဲ့ပြီး ၁၉၈၉ မှ ၁၉၉၄ ခုနှစ်အထိ ပရိုကစားသမားအဖြစ် (၅)နှစ်ကြာကစားခဲ့သူဖြစ်သည်။

ထို့နောက် စပိန်ကလပ် အက်စ်ပန်ညိုအသင်းသို့ ရောက်ရှိလာပြီး PSG ၊ ဘော်ဒိုးအစရှိ သော ပြင်သစ်ကလပ်အသင်းများတွင်လည်း ကစားခဲ့သည်။

ပိုချက်တီနို (၄၇ နှစ်)အား သူ၏အသင်းဟောင်းမှ နည်းပြအဖွဲ့ဝင်များနှင့် အသင်းတာဝန်ရှိသူများက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပြီး သူ၏အမည်ရေးထိုးထားသည့် အသင်းအကျႌကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုချက်တီနိုသည် စပါးအသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် (လက်ရှိအချိန်တွင် နည်းပြရာထူး လစ်လပ်လျက်ရှိနေသည့်) အာဆင်နယ်အသင်းနည်းပြဖြစ်လာရန် ရေပန်းစားနေပြီး၊ သူ၏ မိတ်ဆွေသူငယ်ချင်းများကမူ အာဆင်နယ်နည်းပြရာထူးကို လက်မခံရန် ၀ိုင်း၍ တားမြစ် လျက်ရှိနေကြကြောင်း သိရှိရသည်။

ပိုချက်တီနိုအနေဖြင့် အာဆင်နယ်အသင်းနည်းပြရာထူးကို ရယူရန်ထက် ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူအစရှိသောအသင်းများ၏ နည်းပြရာထူးကို စောင့်ဆိုင်းခြင်းကသာ ပိုမိုသင့်တော်သည်ဟု သူ၏မိတ်ဆွေများက အကြံပြုခဲ့ကြကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။


READ NEXT
Cancel OK