မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဂိုးပြတ်သွင်းယူပြီး အုပ်စုပထမနေရာရခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းရဲ့ နိုင်ပွဲမှာ ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးရီရီဦးကို Eleven Sports က ပွဲအပြီးမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး - အုပ်စုပထမနေရာရစေမယ့် နိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မှုရှိရဲ့လား။
ဖြေ - ဟက်ထရစ်သွင်းယူပြီး အသင်းကို နိုင်ပွဲရစေခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ အုပ်စုပွဲဖြစ်တာကြောင့် ရာနူန်းပြည့် မပျော်နိုင်သေး ပါဘူး။ ဆီမီးဖိုင်နယ်မှာ ဂိုးတွေလည်းသွင်းနိုင်မယ်၊ ဗိုလ်လုပွဲလည်း တက် ရောက်နိုင်မှ အပြည့်အဝ ပျော်ရွှင်နိုင်မှာပါ။
မေး - ဒီနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ကစားနေတဲ့ ခြေစွမ်းကိုရော ကျေနပ်ရဲ့လား။
ဖြေ - ကိုယ့်ကိုယ်ကိုယ်ကစားရတာ အားမရသေးပါဘူး။ ဂိုးသွင်းပို သေချာဖို့နဲ့ ကြံ့ခိုင်မှုကောင်းလာအောင် လုပ်ဆောင်ရပါဦးမယ်။
မေး - ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ ထိုင်းအသင်းရဲ့ ခြေစွမ်းကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ - ထိ်ုင်းအသင်းနဲ့က ပြိုင်ပွဲတိုင်းလိုလိုမှာ တွေ့ဆုံဖူးပါတယ်။ ထိုင်းအသင်းနဲ့ ယှဉ်ရင် ခြေစွမ်းကမကွာပါဘူး။ ကွာတာက အဆုံးသတ်အပိုင်းပါ။ သူတို့က အဆုံးသတ်ကောင်းတဲ့အတွက် ဂိုးတွေရပြီး အနိုင်ရသွားတာ ဖြစ်ပါတယ်။
မေး - ဆီးဂိမ်းစ်ပြိုင်ပွဲအတွေ့အကြုံရော များနေပြီလား။
ဖြေ - ဆီးဂိမ်းစ်ပြိုင်ပွဲကို (၃) ကြိမ်ယှဉ်ပြိုင်ဖူးပါတယ်။ တစ်ခါမှ ရွှေမရ ဖူးသေးပါဘူး။ ဒီင်္နှစ်မှာတော့ ရွှေဆုလိုချင်ပါတယ်။ ပရိသတ်တွေ အလိုအရှိ ဆုံးဖြစ်တဲ့ ရွှေဆုကို ရယူပေးချင်ပါတယ်။
မေး - ဆီမီးဖိုင်နယ်ပွဲနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဖြေ - ဆီမီးဖိုင်နယ်မှာ အနိုင်ရဖို့ အားလုံးကြိုးစားမှာပါ။ သေးသေးလေးကအစ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားရင် အခြေအနေကောင်းနိုင်ပါတယ်။ အဆုံးသတ်ဂိုးသွင်းသေချာဖို့လည်း လိုပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
