အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့ဟု မြန်မာအသင်းနည်းပြပိုပေါ့ဗ် ပြောကြား
24htopnews | September 28, 2024 11:12 PM CST
မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်က ကမ္ဘောဒီးယားကိုအနိုင်ရသည့် အုပ်စုနောက်ဆုံးပွဲတွင် အကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပိုပေါ့ဗ်က "အုပ်စုပထမနေရာရယူပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကမ္ဘောဒီးယားက အသင်းကောင်းတစ်သင်းဖြစ်ပြီး ကစားရခက်ခဲပါတယ်။ သူတို့ကို ယှဉ်ကစားဖို့ သေချာပြင်ဆင်ခဲ့ပြီး ကစားသမားတွေကလည်း အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့လို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဆီမိီးပွဲအတွက် သေချာပြင်ဆင်သွားမှာပါ" ဟု ပြောကြားခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲများကို ဒီဇင်ဘာ (၇)ရက်တွင် ကျင်းပမည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် အခြား(၃)သင်းထက် နားရက်ပိုရမည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
