ဆီးဂိမ်းစ် Arnis ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ် များကို ဒီဇင်ဘာ ၂ ရက်က ကလာ့ခ်မြို့၌ဆက် လက်ကျင်းပရာ မြန်မာ Arnis အဖွဲ့က ငွေ တံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ခြောက်ခု ထပ်မံ ဆွတ်ခူးရရှိပြီး ယင်းနေ့အပြီးတွင် စုစုပေါင်း ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ် ၁၂ ခုရရှိထား ကြောင်း သိရသည်။
ဒုတိယနေ့ပွဲစဉ်များတွင် ဖော့တုတ် အတိုက် (Padded Stick) ပွဲစဉ်များ ကျင်းပခဲ့ပြီး မြန်မာကစားသမားများအနေဖြင့် ဆီမီး ဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။
နံနက်ပိုင်းကျင်းပသည့် အမျိုးသားပွဲစဉ်များ တွင် -၅၅ ကီလိုတန်းပြိုင်ပွဲ၌ နေလင်းဦးက ဗီယက်နမ်ကစားသမားကိုလည်းကောင်း၊ +၅၅-၆၀ ကီလိုတန်းပြိုင်ပွဲ၌ တင်ကိုက အိမ် ရှင်ဖိလစ်ပိုင်ကစားသမားကိုလည်းကောင်း၊ +၆၀-၆၅ ကီလိုတန်းပြိုင်ပွဲ၌ အောင်ခိုင်လင်းက ကမ္ဘောဒီးယားကစားသမားကိုလည်းကောင်း၊ +၆၅-၇၀ ကီလိုတန်းပြိုင်ပွဲ၌ ကျော် သူရိန်ထွန်းက ဗီယက်နမ်ကစားသမားကိုလည်းကောင်း အသီးသီးရှုံးနိမ့်ခဲ့သောကြောင့် ပူးတွဲကြေးတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ညနေပိုင်းကျင်းပသည့် အမျိုးသမီးပွဲစဉ်များတွင် ကစားသမားလေးဦး ပါဝင်ယှဉ် ပြိုင်ရာ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူးရယူနိုင်ခဲ့သည်။
+၅၀-၅၅ ကီလိုတန်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် မော်မော်ဦးသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ် ကစားသမားကို ကျော်ဖြတ်နိုင်သဖြင့် ဗိုလ်လု ပွဲတက်ရောက်ခဲ့ပြီး အိမ်ရှင်ဖိလစ်ပိုင်ကစား သမားကို ရှုံးနိမ့်သောကြောင့် ငွေတံဆိပ်ဖြင့် သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
+၅၅-၆၀ ကီလိုတန်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် မိုးမိုး အေးမှာလည်း ဆီမီးဖိုင်နယ်တွင် ဗီယက်နမ် ကစားသမားကို အနိုင်ရပြီး ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကစားသမားကို ရှုံးနိမ့်သ ဖြင့် ငွေတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။
ကျန်ကစားသမားနှစ်ဦးအနက် -၅၅ ကီလိုတန်းပြိုင်ပွဲ၌ ဝတ်ရည်ချိုက ဗီယက်နမ်ကစားသမားကို လည်းကောင်း၊ +၆၀-၆၅ ကီလိုတန်းပြိုင်ပွဲ၌ သျှီလာမင်းနိုင်က အိမ်ရှင်ဖိလစ်ပိုင်ကစားသမားကိုလည်းကောင်း ရှုံးနိမ့်သဖြင့် ကြေး တံဆိပ်ဆု ရယူနိုင်ခဲ့သည်။
မြန်မာ Arnis အားကစားအဖွဲ့သည် ပထမနေ့ပွဲစဉ်တွင်လည်း ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ခြောက်ခု ဆွတ်ခူးရရှိထားရာ ပြိုင်ပွဲနှစ်ရက်အပြီးတွင် ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ် ၁၂ ခုရရှိထားပြီး
ဖိလစ်ပိုင်ဆီး ဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာအား ကစားအဖွဲ့များအနက် အအောင်မြင်ဆုံး အဖြစ် ရပ်တည်လျက်ရှိသည်။
Arnis ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး တစ်ဦးချင်းအပြ (Arnis Form)တွင် ရာဇာထွန်းနှင့် ဘီဘီ ကျော်အောင်၊ သျှီလာမင်းနိုင်နှင့် အိန္ဒြေဖူးတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
