ဆီမီးပွဲအတွက် အကောင်းဆုံးကြိုးစားမည်ဟု အောင်ကောင်းမာန် ပြောကြား
24htopnews | September 28, 2024 11:12 PM CST
ကမ္ဘောဒီးယားနှင့် အုပ်စုနောက်ဆုံးပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး အောင်ကောင်းမာန်က ဆီမီးဖိုင်နယ် ပွဲအတွက် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အောင်ကောင်းမာန်က '' နောက်ဆုံးပွဲမှာ နိုင်ပွဲရယူပြီး အုပ်စုပထမနေရာရပါ ရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့ဆုံမယ်ဆိုတာ မပြောနိုင်သေးပေမယ့် ခက်ခဲမှာသေချာပါတယ်။ ဆီမီးပွဲအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ ဆီမီးပွဲမတိုင်ခင် ပြင်ဆင်ချိန်ရပါသေးတယ်''ဟု ပြောကြားခဲ့သည်။
အောင်ကောင်းမာန်သည် မြန်မာယူ-၂၂ အသင်းအတွက် အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ဆီးဂိမ်းစ်အုပ်စုပွဲ(၄)ပွဲတွင် (၃)ဂိုးအထိ သွင်းယူထားသည်။
အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ (၇)ရက်တွင် ကျင်းပ မည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
