Top News

မြန်မာအမျိုးသားနှင့် အမျိုးသမီးအုပ်စုနောက်ဆုံးပွဲကို ပရိသတ်များကြည့်ရှုနိုင်ရန် MFF စီစဉ်ပေးခဲ့
24htopnews | September 28, 2024 11:12 PM CST

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဒီဇင်ဘာ ၂ ရက်က လာဂူနာမြို့ရှိ ဘီနန်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် မြန်မာအမျိုးသား နှင့် အမျိုးသမီးအသင်းတို့၏ အုပ်စုနောက်ဆုံးပွဲကို မြန်မာပရိသတ်များ တစ်ခဲနက်အားပေးနိုင်ရန် ကြိုပို့ကားနှင့် လက်မှတ်များ စီစဉ်ပေး ခဲ့ကြောင်း သိရသည်။

ယင်းနှစ်ပွဲစလုံး ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ်ပွဲများဖြစ်သောကြောင့် MFF အနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာပရိသတ်များ လာရောက်အားပေးနိုင် ရန် စီစဉ်ပေးခြင်းဖြစ်သည်။

MFF သည် မနီလာမြို့မှ လာဂူနာမြို့အထိ ကြိုပို့ကားများ စီစဉ်ပေးထားပြီး လက်မှတ်စောင်ရေ ၁၀၀ ကျော် အခမဲ့ဝေငှသွားမည်ဖြစ်သည်။

MFF သည် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် အုပ်စုတတိယပွဲကတည်းက ပရိသတ်များအတွက် လက်မှတ်ဝေငှမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် လာရောက် ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသား ကျောင်းသား ၂၀၀ ဝန်းကျင်ရှိပြီး မနီလာမြို့ တွင် ပညာသင်ကြားနေသူများဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အမျိုးသားအသင်းသည် ကမ္ဘောဒီးယားအသင်း၊ မြန်မာအမျိုးသမီး အသင်းသည် မလေးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

မြန်မာဘောလုံး အသင်းနှစ်သင်းစလုံးသည် အုပ်စုနောက်ဆုံး ပွဲကို ဘီနန်ကွင်းတစ်ကွင်းတည်း$ ယှဉ်ပြိုင် ကစားခဲ့ရပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီ နှင့် ည ၈ နာရီတွင် ကစားခဲ့သည်။

Close

 

 


READ NEXT
Cancel OK