မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် ၎င်း၏နည်းပြဘဝတစ်လျှောက်တွင် မည်သည့်အသင်းတွင် မှ အချိန် (၄)နှစ်ထက် ပိုမနေဖူးသော်လည်း ယခုအချိန်တွင် မူ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရှိရသည်။
ဂွါဒီယိုလာနှင့် မန်စီးတီးတို့ ချုပ်ဆိုထားသည့် စာချုပ်မှာ ၂၀၂၁ နွေရာသီမှ ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်အထိ ဆက်ရှိနေပါက သူသည် မန်စိးတီးအသင်းတွင် (၆)နှစ်ကြာနေထိုင်ပြီးသားဖြစ်နေမည်ဖြစ်သည်။
ယခုအခါတွင်မူ နောက်ထပ် စာချုပ်သစ်ချုပ်ဆိုမည့် ကိစ္စကို ဂွါဒီယိုလာက မီဒီယာများထံ အရိပ်အမြွက်ဝန်ခံခဲ့ခြင်းဖြစ်ပြီး ''စာချုပ်သစ်ချုပ်ဖို့ စီစဉ်မှာလားဆိုရင် ကျွန်တော်က ဟုတ်ကဲ့လို့ပဲ ဖြေမှာပါ။ ဒီအသင်းနဲ့အတူ အလုပ်လုပ်ရတာ ကျွန်တော့်အတွက် အရမ်းသက်သောင့်သက်သာရှိပါတယ်။ ဒီမှာနေရတာက ကျွန်တော့်အတွက် မဆိုးရွားဘူးဆိုရင် ဒီအသင်းနဲ့အတူ ဆက်ရှိနေခြင်းက ကျွန်တော့်အတွက် အကောင်းဆုံးလမ်းကြောင်း ဖြစ်ပြီး လက်ရှိကစားသမား၊ လက်ရှိအသင်းနဲ့ ကျွန်တော်ပျော် ရွှင်နေပါတယ်။ လက်ရှိ အချိန်အထိဆိုရင် ကျွန်တော့်စာချုပ် က (၁၈)လကျန်နေပါသေးတယ်။ ဒါဟာ ဘောလုံးမှာတော့ အချိန်တော်တော်လိုသေးတယ်လို့ ဆိုရမှာဖြစ်ပြီး ဒီအချက် ကိုတော့ ကျွန်တော်ရော၊ ကလပ်အသင်းရော အမြင်တူပါ တယ်။ ဒါကြောင့် အခုချက်ချင်းတော့ သက်တမ်းတိုးဖို့ကိစ္စကို လုပ်ကြဦးမှာမဟုတ်ပါဘူး။ ဒီရာသီမှာ အောင်မြင်မှုရဖို့အတွက်ကိုပဲ အာရုံစိုက်ထားမှာပါ။ ကျွန်တော်က ကလပ်အသင်းကို ယုံကြည်သလို၊ ကလပ်အသင်းကလည်း ကျွန်တော့်ကို ယုံကြည်ပါတယ်။ ကျန်တာတော့ ဆုံးဖြတ်ချက်တွေကို အပြီးသတ်အကောင်အထည်ဖော်ဖို့ပဲ ရှိပါတော့တယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
