ခရစ္စတယ်ပဲလေ့စ် နှင့် ဘုန်းမောက် (ဗုဒ္ဓဟူးနံနက် ၂းဝ၀ နာရီ)
ပဲလေ့စ်က ပွဲကြပ်တွေမှာ ဆက်တိုက်ရှုံးပြီးတဲ့နောက် ဘန်လေနဲ့ ကစားတဲ့ပွဲမှာတော့ နိုင်ပွဲပြန်ရှာနိုင်ခဲ့တယ်။ တကယ် တော့ ပွဲကြပ်မဟုတ်တဲ့ ကာလတွေမှာတောင် ပဲလေ့စ်ရဲ့အဝေး ကွင်းခြေစွမ်းက ဘန်လေကိုနိုင်ဖို့လောက်အထိ မကောင်းဘူး။ ဒါပေမဲ့ ပွဲကြီးတွေမှာ ကောင်းကောင်းကစားနိုင်ခဲ့တဲ့ အရှိန်နဲ့ ယုံ ကြည်မှုက ဆက်အလုပ်လုပ်သွားတာလို့ ဆိုရမယ်။ ဘုန်းမောက် က ရှုံးပွဲဆက်နေတဲ့အသင်းဖြစ်ပြီး အဝေးကွင်းလည်း အားနည်း ပါတယ်။ ပဲလေ့စ်နိုင်ပွဲရသင့်တဲ့ပွဲဖြစ်ပြီး အပြန်အလှန်သွင်းဂိုး တွေမြင်ရနိုင်တယ်။
ဘန်လေ နှင့် မန်စီးတီး (ဗုဒ္ဓဟူးနံနက် ၂း၄၅ နာရီ)
ဘန်လေနဲ့ပွဲမှာသာ ထပ်ပြီး ရလဒ်ဆိုးခဲ့ရင် မန်စီးတီးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် မျှော်လင့်ချက်က အရမ်းအားနည်း သွားလိမ့်မယ်။ ဒီလိဂ်ပြိုင်ပွဲက အခုအချိန်အထိ တစ်ဝက်တောင် မရှိသေးဘူးဆိုပေမယ့် အမှတ်ကွာဟမှုက 2 Digit ဖြစ်နေတာ ဆိုးပါတယ်။ အထူးသဖြင့် လီဗာပူးလ်လို နိုင်ပွဲတွေမှန်မှန်ယူနိုင် တဲ့အသင်းမျိုးနဲ့ ပြိုင်ဆိုင်နေရချိန်မှာ မန်စီးတီးရဲ့ခြေချော်မှု သေးသေးလေးတွေကလည်း အမှားကြီးကြီး ပေးဆပ်လိုက်ရ နိုင်တယ်။ ဒီပွဲပြီးရင် ဆက်ကစားရမှာက မန်ယူ၊ အာဆင်နယ်၊ လက်စတာတို့လို အသင်းကြီး၊ အသင်းကောင်းတွေဖြစ်နေတာ ကလည်း ဒီပွဲဟာ မမှားသင့်ဘူးဆိုတာကို ပြတယ်။ ဒါပေမဲ့ ဘန် လေရဲ့အိမ်ကွင်းခြေစွမ်းနဲ့ အမြင့်ဘော ကျွမ်းကျင်မှု၊ သန်မာမှု တွေက မန်စီးတီးကို ဒုက္ခပေးနိုင်တယ်။ သတိထားကစားမှာ သေချာပေမယ့် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ အကောင်းဆုံးပုံစံမှာ ရှိိနေမှ မန်စီးတီးအတွက် အဆင်ပြေလိမ့်မယ်လို့ ထင်တယ်။ ဒီ ပွဲတော့ မန်စီးတီး နိုင်ပွဲယူနိုင်လိမ့်မယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
