အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့နှင့် အနီးဝန်းကျင်ဒေသတို့တွင် မုန်တိုင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူလေးဦးထက်မနည်း သေဆုံးကာ ကျောင်းများ ပိတ်ထားရပြီး မီးရထားပြေးဆွဲမှုများ နှောင့်နှေးမှု ဖြစ်စေခဲ့သည်ဟု ဒေသခံမီဒီယာများတွင် စက်တင်ဘာ ၂၆ ရက်က ဖော်ပြထားသည်။
စက်တင်ဘာ ၂၅ ရက် ညနေခင်းမှစပြီး ငါးနာရီအတွင်း မြို့၏နေရာအချို့တွင် မိုးရေချိန် ၂၃၀ မီလီမီတာကျော်(ကိုးလက်မ)အထိ ရှိလာခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဒေသခံရုပ်မြင်သံကြားတွင် ဖော်ပြထားသော ဓာတ်ပုံများအရ ဒူးအထိရှိသည့် ရေထဲတွင် သွားလာနေ ကြသူများကို မြင်တွေ့ရသည်။
အန်ဟီရီဆင် ခြေဖုံးတွင် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးရေနစ် သေဆုံးခဲ့သည်ဟု မြူနီစပယ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မွမ်ဘိုင်းမြို့တော်အပြင်ဘက် ၄၀ ကီလိုမီတာဝန်းကျင်ရှိ ကယ်ရန်မြို့တွင် မိုးကြိုးပစ်မှုကြောင့် အလုပ်သမားနှစ်ဦးသေဆုံးခဲ့ပြီး ခိုပိုလီမြို့ရှိ ရေတံခွန်အနီးတွင် နောက်ထပ်အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့သည်။
စက်တင်ဘာ ၂၆ ရက်တွင် စာသင်ကျောင်းများကို ပိတ်ထားပြီး မြူနီစပယ်အာဏာပိုင်များက အ တတ်နိုင်ဆုံးနေအိမ်ထဲတွင်သာ နေထိုင်ကြ ရန် ဒေသခံများကို တိုက်တွန်းထားသည်။
မီးရထားလမ်းများတွင် ရေကြီးရေလျှံမှုများ မီးရထားပြေးဆွဲမှုများ နှောင့်နှေးကြန့်ကြာခဲ့ရသည်။ Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
