မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများက ရေဘေးဒဏ်သင့်ဒေသမှပြည်သူများအတွက် မြန်မာနိုင်ငံထံကူညီမှုများပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားသည်။
လတ်တလောရက်ပိုင်းတွင် မြန်မာနိုင်ငံဒေသအများအပြား၌ ယာဂီမုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံစားရပြီး များပြားသော လူထိခိုက်ေ-သဆုံးမှုနှင့် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွါးခဲ့ရကြောင်း ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံထံသို့ မြန်မာကျပ်ငွေ သိန်း ၄၄၀ ခန့်တန်ဖိုးရှိသည့် ခေါက်ဆွဲခြောက်၊ စည်သွပ်ဘူး၊ ဘီစကစ် စသည့် စားသောက်ကုန်ပစ္စည်းများ အရေးပေါ်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများကလည်း လက်ငင်းငွေ အမေရိကန်ဒေါ်လာ ၁ သောင်း၊ မြန်မာကျပ်ငွေ သိန်း ၄၀၀၀ နှင့် အခြားကူညီကယ်ဆယ်ရေးပစ္စည်းများစွာလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရေဘေးဒဏ်သင့်ဒေသမှ ပြည်သူများလည်း ရေဘေးကိုဆောလျင်စွာကျော်ဖြတ်နိုင်ပြီး အိမ်ရာပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
