ကာကွယ်ရေးဝန်ကြီးဌာနပိုင် အဆောက်အဦ ငှားရမ်းအသုံးပြုရာတွင် စာချုပ်ပါအချက်အလက် ချိုးဖောက်မှု ၊ ရှေးဟောင်းအဆောက်အုံ ဖြိုဖျက်မှုဖြင့် အရေးယူခြင်း ခံထားရသည့် ဇေကမ္ဘာဦးခင်ရွှေ အင်းစိန်ထောင်မှ ပြန်လွတ်လာေကြာင်း ၎င်း၏ မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
တပ်မတော်ပိုင် မြရိပ်ညိုဟိုတယ်နှင့်ခြံဝင်း ငှားရမ်းမှုတွင် သဘောတူညီချက်ဖောက်ဖျက်မှု ၊ အဆိုပါ ဟိုတယ်ခြံဝန်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံ (၂) ခုကို ဖြိုဖျက်မှုတို့ဖြင့် ဦးခင်ရွှေ နှင့် သားဖြစ်သူ ကိုဇေသီဟကို ပြီးခဲ့သည့် ၂၀ ၂၂ ခုနှစ် မတ်လက ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ် ၊ ရွှေတောင်ကြား (၁) ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးကာ အင်းစိန်ေထာင်သို့ ပို့ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ပိုင် မြရိပ်ညိုဟိုတယ်ဝင်း မြေတိုင်းအမှတ် ၃၆-J၊ မြေကွက် အမှတ် ၁၁၁၊ ၁၁၂ A၊ ၁၁၂ B ၊ ၁၁၂ C နှင့် ၁၁၂ D မြေဧရိယာ ၆ ဒသမ ၉၃၇ ဧကနှင့် မြေတိုင်းအမှတ် ၃၆ L၊ မြေတိုင်းအမှတ် ၁၁၂ B၊ ၁၁၆ C မြေဧရိယာ ၆ ဒသမ ၈၅၇ ဧက စုစုပေါင်း မြေဧရိယာ ၁၃ ဒသမ ၇၉၄ ဧကနှင့် ယင်းမြေပေါ်ရှိ အဆောက်အဦးများကို တပ်မတော်က ဇေကမ္ဘာကုမ္ပဏီကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငှားရမ်းခြင်း သဘောတူစာချုပ်ပါ အချက်များကို ဖေါက်ဖျက်သည့်အပြင် ရှေးဟောင်း အဆောက်အအုံ (၂) လုံးဖြစ်သည့် မြို့တော်ဝန်အိမ်ဟောင်းနှင့် မြို့တော်ဝန်ဧည့်ဂေယာတို့ကို ဖြိုချခဲ့သည်ဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးခင်ရွှေနှင့် သားဖြစ်သူတို့အား ၂၀၂၂ ခုနှစ် မတ်လ (၂၂) ရက်က ဖမ်းဆီးထိန်းသိမ်းကာ ရှေးဟောင်း ဥပဒေပုဒ်မ (၂၄) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရစဉ်က သတင်းများအရ သိရသည်။
လက်ရှိတွင် ဇေကမ္ဘာ ဦးခင်ရွှေအား အင်းစိန်ထောင် ဆေးရုံမှ ယနေ့ စက်တင်ဘာ (၂၈) ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပြီး သားဖြစ်သူ ဦးဇေသီဟ ပြန်လွတ်လာသည့်သတင်းကိုတော့ မကြားရပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
