ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်း ဒေသခံများ သွားလာရေး အဆင်ပြေစေရန် နောင်လင် – သံတောင်-ပင်ခင်လမ်းပိုင်းကို ဦးစားပေးအစီအစဉ်ဖြင့် ယာယီတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း နောင်တရားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်း၌ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများ ပြန်လည်ပြုပြင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်အခြေအနေများကို စက်တင်ဘာ (၂၈) ရက်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မွေးပြင်ကျေးရွာအုပ်စုနှင့် ပင်ခင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း (၃၇) ရွာမှ လူဦးရေ (၁၀၀၀၀) ကျော် အသုံးပြုနေသည့် နောင်မူ-ပင်ခင် ကတ္တာယာလမ်း ပေ (၁၂၂၀) ခန့် ရေတိုက်စားခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရာ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာအမြန်ဆုံး သွားလာနိုင်ရေး နောင်လင်-သံတောင်-ပင်ခင်လမ်းပိုင်းမှ ပြိုကျပျက်စီးနေသည့် မြေသားများ ဖယ်ရှားပေးကာ တံတားများကို ဦးစားပေးအစီစဉ်ဖြင့် ယာယီတည်ဆောက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် လမ်းပိုင်းများကို အဆင့်ဆင့်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း စက်တင်ဘာ(၉) ရက်မှ (၁၂) ရက်အထိ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကျေးရွာများရှိ လူနေအိမ်များနစ်မြုပ်ခြင်း၊ လမ်းတံတားများနှင့် စိုက်ပျိုးသီးနှံများ ရေလွှမ်းမိုးခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
