Top News

ဒဂုံတောင်ပိုင်း (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပစ်ခတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင် ၁၂ ဦးကိုဖမ်းမိ
24htopnews | September 29, 2024 1:12 AM CST

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပစ်ခတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင် ၁၂ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းက Anonymous Force အဖွဲ့ဝင် ၄ ဦးသည် ကားတစ်စီးဖြင့် ဒဂုံတောင်ပိုင်း (၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ အုပ်ချုပ်ရေးမှူးရုံးသို့ရောက်ရှိလာကာ ‌ေ-သနတ်ဖြင့်ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းနှင့် ရာအိမ်မှူးဦးဆွေမြင့်အောင်တို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး ရုံးအကူဦးမျိုးမြင့်ထွန်း(ခ)သားကြီးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြု လုပ်ခဲ့ကြသည်။

ထို့ကြောင့် စက်တင်ဘာ ၂၄ ရက်တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကျော်စွာအောင်(ခ)ကျော်စွာ၊ တင်ဝင်း(ခ)ဝင်းချို၊ စက်တင်ဘာ ၂၅ ရက်တွင် အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒ၊ ယုနန္ဒာစိုး၊ စက်တင်ဘာ ၂၆ ရက်တွင် ခင်မောင်ဌေး(ခ) ကျန်ကျောင်း၊ ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း၊ စက်တင်ဘာ ၂၇ ရက်တွင် ထက်ကြီး(ခ)ကျော်ကြီး၊ အာကာဖြိုး(ခ)အောင်မင်းခန့်၊ လျှန်းထက်အောင်၊ နေလင်း၊ တင်လှနှင့် မြင့်ကျော်တို့အား အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ၎င်းတို့ထဲမှ ရဲရင့်အောင် (ခ)ကိုရဲ(ခ)တင်ထွန်း၊ ထက်ကြီး(ခ)ကျော်ကြီးနှင့် အာကာဖြိုး(ခ)အောင်မင်းခန့်တို့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလခန့်တွင် KNLA တပ်မဟာ(၂) နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား ၁ လတက်ရောက်၍ ရန်ကုန်မြို့သို့ပြန်ရောက်ပြီးနောက်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Anonymous Force အဖွဲ့အားဖွဲ့စည်း၍ လုပ်ကြံသ–တ်ဖြ–တ်မှုများကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK