ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းမှ သဘာဝဘေးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ (၁၀၀) ဦးစာအတွက် တစ်ဦးလျှင် ကျပ် (၇)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၇၀၀) ကို သက်ဆိုင်ရာ မိသားစုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ စက်တင်ဘာ(၂၇)ရက်က ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများအား ပြန်လည်တည်ထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ကျောင်းများအတွင်း တင်ကျန်နေသော နုန်းများ ဖယ်ရှားနေမှုနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။
ယင်းနောက် ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့သူ (၁၀၀) ဦးစာအတွက် နိုင်ငံတော်မှ တစ်ဦးလျှင် ငါးသိန်းနှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း သိန်း (၅၀၀) ကျပ်၊ နေပြည်တော်ကောင်စီမှ တစ်ဦးလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း သိန်း (၂၀၀) ကျပ်ကို သက်ဆိုင်ရာ မိသားစုဝင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကုလားပဲ၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အနော်ရထာရပ်ကွက်အတွင်း သန့်ရှင်းရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးဒဏ်ကြောင့် အသက်ဆုံးခဲ့ရသူများကို အစိုးရအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ (၁)ဦးလျှင် (၅)သိန်းကျပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၃)သိန်းကျပ်၊ စုစုပေါင်း (၈) သိန်းကျပ်ကို ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ထိုပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲများကလည်း သီးခြားထပ်ဆောင်းထောက်ပံ့မှုများ ရှိဦးမည်ဖြစ်ကြောင်းကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုပြင် ထိခိုက်ဒဏ်ရာ ခံစားခဲ့ရမှုအခြေအနေနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးရမှု အခြေအနေများအပေါ် မူတည်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိကြောင်း န.စ.က.မှ ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
