ရန်ကုန်တိုင်း မြို့နယ်များတွင် လေးနာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးမည်ဖြစ်ပြီး စက်မှုဇုန်များတွင် တစ်ရက် ရှစ်နာရီ ရရှိမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများ၏ ကြေညာချက်များအရ သိရသည်။
စက်တင်ဘာ ၂၈ ရက်မှ စတင်ကာ လေးနာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း သိရသည်။
" လေးနာရီလာပြီးရင် လေးနာရီပြတ်ပါမယ်။ အလှည့်ကျပေးတာပါ။ လာမယ့်အချိန်ကို ပြတ်ရင်တော့ သက်ဆိုင်ရာမြို့နယ်ရုံးကို မေးကြည့်ပေးပါမယ်" ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
" မီးမလာလို့ ရုံးကို ဖုန်းဆက်ကြည့်တော့မှ မနက် ၅ နာရီကနေ ၉ နာရီအထိလာမယ်။ ပြီးရင် လေးနာရီပြတ်မယ်တဲ့။ တွက်ကြည့်ရင် တစ်ရက်ကို ရှစ်နာရီပဲလာမယ့် သဘောပဲ။ အဲ့ဒီကြားထဲ ဝန်အားမနိုင်လို့ လျှော့ရင် မီးကလည်း ပြတ်ဦးမယ်" ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။လျှပ်စစ်မီတာခနှုန်းထားများ ပြောင်းလဲသည်ဟု ကြေညာပြီးနောက်တွင် လျှပ်စစ်မီးမှာ ပုံမှန်နီးပါး လာနေသော်လည်း ယခုရက်ပိုင်းတွင် ပြတ်တောက်ချိန်ပိုများလာသည်ဟု ရန်ကုန်မြို့တွင်း နေထိုင်သူအချို့က ပြောကြားသည်။
" မီတာခတွေ စျေးတက်တုန်းကတော့ မီးလာချိန်နည်းနည်းမှန်တယ်။ သုံးလေးရက်ရှိနေပြီ မီးတော်တော်ပြတ်တာ။ ဒီမနက် မေးကြည့်တော့မှ အလှည့်ကျစနစ်ဖြစ်သွားပြီလို့ ပြောတယ်" ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
စက်တင်ဘာ ၁ ရက်မှစတင်၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အိမ်သုံးများအတွက် ယခင်အများဆုံး ကျပ် ၁၂၅ မှ ယခုကျပ် ၃၀၀ အထိ လည်းကောင်း၊ လုပ်ငန်းသုံးများအတွက် ယခင်အများဆုံး ကျပ် ၁၈၀ မှ ယခုကျပ် ၅၀၀ အထိ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။
၂၀၂၄ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနှုန်း ထားများကို အိမ်သုံးအမျိုးအစားများအတွက် ၁ မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ် အထိ ၁၅၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ်အဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
အိမ်သုံးမဟုတ်သည့်အမျိုးအစား (စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ် လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရ ရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင် စက်မှုလုပ် ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ် ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာ အဖွဲ့အ စည်းများ) အတွက် ၁ မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနှစ်နှင့်အထက် ၅၀၀ ကျပ် ပြင်ဆင်သတ်မှတ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
