ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းဈေးရှေ့တွင် စက်တင်ဘာ ၂၆ ရက်ညပိုင်းက PDF နှစ်ဦး ရာအိမ်မှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ သေနတ်ဖြင့်ပစ်သတ်ခံရသူ အောင်ဆန်းရပ်ကွက်တွင်နေထိုင်သည့် ရာအိမ်မှူးဦးဇော်မင်းထွန်းဖြစ်ပြီး ၎င်းသည် အောင်ဆန်းဈေးရှေ့ရှိ အသုပ်ဆိုင်တစ်ဆိုင်ဘေးတွင် ထိုင်နေစဉ် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် PDF နှစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်းသိရသည်။
ထို့နောက် ရာအိမ်မှူးဦးဇော်မင်းထွန်းအား သေနတ်ဖြင့်ပစ်ခတ်သူများသည် Taxi တစ်စီးပေါ် တက်ရောက်ထွက်ပြေးသွားခဲ့သဖြင့် ဦးဇော်မင်းထွန်းအား ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း စက်တင်ဘာ ၂၆ ရက် ည ၈ နာရီကျော်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက် ငုဝါမြို့နှင့် ဝဇီရာလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား စက်တင်ဘာ ၂၀ ရက်တွင် သေနတ်ကိုင်ဆောင်ထားသူအချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး သေဆုံးကာ ရပ်ကွက်ရုံးစာရေးတစ်ဦး တစ်ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်တွင် ဝင်ရောက်ပစ်ခတ်မှုအား PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Anonymous Force(ရန်ကုန်စစ်ဒေသခွဲ)က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က Exile မီဒီယာအချို့ကို ထုတ်ဖော်ပြောကြားထားသည်ကို တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
