ခတ္တမန္ဒူ–နီပေါနိုင်ငံတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးကာမြေပြိုပြီး ၂၄ နာရီ အတွင်း ေ-သဆုံးသူ ၁၀ ဦးရှိခဲ့ကာ ၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ ရပ်တန့်သွားခဲ့ကြောင်း တာဝန်ရှိသူများကစနေနေ့(စက်တင်ဘာ ၂၈) တွင် ပြောဆိုသည်။
အရှေ့တောင်အာရှနိုင်ငံ၏ နှစ်စဉ် မုတ်သုံရာသီ ဆုတ်ခွာချိန်သည် တစ်ပတ်နီးပါးခန့်နောက်ကျခဲ့ပြီး နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နိုင်ငံရှိ မြစ်အများစုတွင် မြစ်ရေမြင့်တက်နေခဲ့ပြီး လမ်းများ၊ တံတားများ ရေမြုပ်ခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုသည်။
မြေပြိုမှုများကြောင့် အဝေးပြေးလမ်းများ၏ နေရာ ၂၈ ခုခန့်တွင် ပိတ်ဆို့မှုများဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က အပျက်အစီးများကို လိုက်လံရှင်းလင်းကာ လမ်းများပြန်ပွင့်ရန်ဆောင်ရွက်နေသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Dan Bahadur Karki က ပြောဆိုသည်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံ ရှိ ဒေသများတွင် ဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းကြောင့် ယခုနှစ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်စေခဲ့ကြောင်းနှင့် မိုးရွာသွန်းမှုသည် တနင်္ဂနွေနေ့ထိတိုင် ရပ်စဲဖွယ်မရှိကြောင်း မြို့တော် ခတ္တမန္ဒူရှိ မိုးလေဝသ အရာရှိ ဘင်နူ မဟာဂျန်က ပြောဆိုသည်။
“တနင်္ဂနွေ မနက်ပိုင်းအထိ မိုးရွားသွန်းမှုတွေ ရှိနိုင်ပါတယ်၊ အဲဒီနောက်တော့ ရာသီဥတု သာယာလာဖွယ်ရှိပါတယ်” ဟု မဟာဂျန်က ရိုက်တာကို ပြောဆိုခဲ့သည်။
နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြေးဆွဲမြဲ ဖြစ်သော်လည်း ပြည်တွင်းလေကြောင်းခရီးစဉ်များမှာမူ ရပ်တန့်သွားခဲ့သည်ဟု ခတ္တမန္ဒူလေဆိပ်ပြောရေးဆိုခွင့်ရှိသူ ရင်ဂျီ ရှာပါက ပြောဆိုသည်။
မိုးရေချိန် ၈ လက်မကျော် ရွာသွန်းခဲ့မှုကြောင့် မြစ်ကြောင်းများ ရေမြင့်တက်ခဲ့ပြီး တောင်ကုန်းပတ်လည်ဝန်းရံနေသည့် မြို့တော်ရှိ လမ်းများနှင့် လူနေအိမ်များ ရေမြုပ်ခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။
Ref: အေးရှားဝမ်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
