ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကဖြစ်ပေါ်ခဲ့သည့် စံချိန်တင်ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိသဖြင့် လျှပ်စစ်မီးအမြန်ဆုံးပြန်ရရန်ဆောင်ရွက်နေသည်ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)တာချီလိတ်မြို့ထံမှ သိရသည်။
၎င်းတို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလျက်ရှိသည့်ဧရိယာအတွင်း ကြုံတွေ့ခဲ့ရသော ရေကြီးရေလျှံမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ထိုင်း-မြန်မာနယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားတို့တွင် ရေကြီးရေလျှံမှုများနှင့်အတူ ရွှံ့နွံများဝင်ရောက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း သိရသည်။
လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းသွားသော်လည်း တချို့နေရာများတွင် ရေများနှင့်ရွှံ့နွံများကျန်ရှိနေပြီး အပျက်အစီးများနှင့်ရွှံ့နွံများကြောင့် ဝင်ရောက်သွားလာရန်ခက်ခဲသည့်နေရာများအား ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် ထိုင်း-မြန်မာနယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားရှိ ဌာနဆိုင်ရာရုံးခန်းများ၊ မကာဟိုခမ်းရပ်ကွက်ရှိ မေဖလားဝါးကွင်း၊ တာလော့ရပ်ကွက်နှင့် ပုန်းထွန်ရပ်ကွက်များသို့ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီမှတာဝန်ရှိသူများကစက်တင်ဘာ ၂၇ ရက်နံနက် ၁၀ နာရီခွဲမှ နေ့လည် ၁ နာရီအထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ လျှပ်စစ်ဓာတ်အားမရရှိသေးသော အပိုင်းများအား လျှပ်စစ်ဓာတ်အားအမြန်ပြန်လည်ရရှိနိုင်ရန် မြို့မီးလင်းရေးဦးဆောင်ကော်မတီမှ ကျွမ်းကျင်ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
