KNU-ကရင်အမျိုးသားအစည်းအရုံး ၏ ကော်သူးလေအတွင်း ရေဘေးသင့်ဒေသခံ(၄)သိန်းခန့်အတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု စက်တင်ဘာ ၂၈ ရက်တွင် KNU ဗဟိုမှထုတ်ပြန်ခဲ့သည်။
ရေကြီးရေလျှံမှုအား ကော်သူးလေအတွင်းရှိ ခရိုင်(၇)ခုဖြစ်သော ဒူးသထူ၊ တောအူး၊ ခလယ်လွီထူ၊ မူတြော်၊ မြိတ်/ထားဝယ်၊ ဒူးပလာယာနှင့်ဖားအံခရိုင်တို့ရှိ မြို့နယ်(၂၇)ခုအနက် မြို့နယ်(၂၀)တွင် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။
ဒူးသထူခရိုင်ရှိ ကျေးရွာ(၁၇၈)ရွာမှ လူဦးရေ (၁၀၈၂၉၃)ဦး၊ တောအူးခရိုင်ရှိ ကျေးရွာ(၇၂)ရွာမှ လူဦးရေ(၇၃၃၅၉)ဦး၊ ခလယ်လွီထူခရိုင်ရှိ ကျေးရွာ(၁၈၆)ရွာမှ လူဦးရေ(၁၁၇၂၉၆)ဦး၊ မူတြော်ခရိုင်ရှိ ကျေးရွာ(၈)ရွာမှ လူဦးရေ(၃၃၀၃) ဦး၊ မြိတ်/ထားဝယ်ခရိုင်ရှိ ကျေးရွာ(၄၆)ရွာမှ လူဦးရေ(၁၉၂၆၀)ဦး၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာ (၁၃)ရွာမှ လူဦးရေ(၄၄၃၁)ဦးနှင့်ဖားအံခရိုင်ရှိ ကျေးရွာ(၃၉)ရွာမှ လူဦးရေ(၅၄၈၃၇)ဦး (စုစု ပေါင်း ၃၈၀၇၇၉ ဦး)ရေဘေးသင့်ခဲ့ကာ ဒူးသထူ၊ ခလယ်လွီထူနှင့် တောအူးခရိုင်တို့တွင် ရေကြီးရေလျှံမှုဒဏ်ကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။
ထို့ပြင် စပါးခင်းများ၊ သိုလှောင်ထားသော စားနပ်ရိက္ခာများ၊ ရေတွင်းများ၊ ရေဘုံဘိုင်များနှင့်ရေကန်များအပါအဝင် သောက်သုံးရေအရင်းအမြစ်များ၊ အိမ်သာများ၊ မွေးမြူရေးတိရစ္ဆာန်များ ၊ အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။
ထို့ကြောင့် ရေဘေးသင့်ဒေသခံများအတွက် အစားအစာ၊ သောက်သုံးရေနှင့် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိပြီး လယ်ယာသုံးပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများပြင်ဆင်ရန်(သို့)ပြန်လည်အစားထိုးရန် ပံ့ပိုးကူညီမှုများလိုအပ်လျက်ရှိကြောင်း သိရသည်။
ထို့အတူ မိသားစုစားသုံးရန်နှင့် အသက်မွေးဝမ်းကြောင်းအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အဓိကရည်ရွယ်၍ တစ်ပိုင်တစ်နိုင်မွေးမြူခဲ့သော တိရစ္ဆာန်များပြန်လည်အစားထိုးနိုင်ရန် ပံ့ပိုးကူညီမှုများ၊ ရေတွင်းနှင့်ရေပိုက်လိုင်းများကဲ့သို့ သောက်သုံးရေအရင်းအမြစ်များနှင့် ပစ္စည်းကိရိယာများပြန်လည် အစားထိုးခြင်း(သို့) ပြင်ဆင်ခြင်းများအတွက်လည်း ပံ့ပိုးကူညီမှုများလိုအပ်လျက်ရှိကြောင်း သိရသည်။
KNU အနေဖြင့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံများကို အကူအညီပေးနိုင်ရန်နှင့် အကူအညီလိုအပ်နေသူများထံသို့ မိမိတို့တွင်ရှိသော အရင်းအမြစ်များအသုံးပြု၍ အတတ်နိုင်ဆုံးပံ့ပိုးသွားနိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
