မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင် တတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ငါးပွဲအပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးဖြင့် ခုနစ်မှတ်သာရရှိထားပြီး အဆင့် ၁၁ နေရာ ရောက်ရှိနေသည်။ လိဂ်ဖလား ပြိုင်ပွဲ၌ စတုတ္ထအဆင့်သို့ တက်ရောက်ထားနိုင်သော်လည်း ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ် တွင် နယ်သာလန်ကလပ် တွမ်တီးအသင်းကို အနိုင်မရဘဲ အိမ်ကွင်း၌ ၁-၁ ဖြင့် သရေကျထားသည်။
သို့ဖြစ်ရာ ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၆) မတိုင်မီ ထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင် အဲရစ်တန်ဟက်ဂ်မှာ အလေးပေးမှု ၆/၁ ဖြင့် တတိယနေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။
အဲဗာတန်အသင်း နည်းပြ ရှောင်ဒိုက်က ၉^၄ ဖြင့် ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးဖြစ်နေပြီး ဝုလ်ဗ်အသင်း နည်းပြ ဂယ်ရီအိုနေးလ်က ၉/၂ ဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။
၎င်းတို့သုံးဦး၏ နောက်တွင် ရပ်ဆဲလ်မာတင် (ဆောက်သမ်တန်)၊ လိုပယ်တယ်ဟီ (ဝက်စ်ဟမ်း)၊ စတိဗ်ကူးပါး (လက်စတာ) တို့က ၇/၁ ဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
