Top News

ပရီးမီးယားလိဂ် ရာသီအဖွင့်ရက်သတ္တပတ်တွင် လောင်းကစားကြော်ငြာတွေ့ရှိရမှု ယခင်နှစ်ထက် ၁၆၅ ရာခိုင်နှုန်းအထိ မြင့်တက်
24htopnews | September 29, 2024 1:12 PM CST

 

၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရာသီအဖွင့်ရက်သတ္တပတ်တွင် လောင်းကစားကြော်ငြာတွေ့ရှိရမှု အခြေအနေမှာ ယခင်နှစ်ထက် ၁၆၅ ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်း လေ့လာတွေ့ရှိမှု စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။

အဆိုပါစစ်တမ်းကို "လောင်းကစား ဂရုပြုရေး" ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုဖြင့် ဘရစ္စတိုးလ်စီးပွားရေးတက္ကသိုလ်မှ လေ့လာသုံးသပ်သူများက စစ်တမ်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရာသီအဖွင့် ပွဲစဉ် (၁) တွင် လောင်းကစား ကြော်ငြာတွေ့ရှိရမှု အကြိမ် ၂၉၀၀၀ ကျော် အထိရှိကြောင်း ဖော်ပြထားသည်။ 

၎င်းတို့ အနေဖြင့် ဗြိတိန်နိုင်ငံတစ်ဝန်းပြသနေသည့် ရုပ်သံအပါအဝင် ရေဒီယိုနှင့် လူမှုမီဒီယာများမှတစ်ဆင့် ကွင်းအတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များ၊ အကျႌလိုဂိုများတွင် လောင်းကစား နှင့်သက်ဆိုင်သည့် မက်ဆေ့ချ်များတွေ့ရှိရသည့်အရေအတွက်ကို တွက်ချက်ထားခြင်း ဖြစ်သည်။

အဆိုပါပမာဏမှာ ၂၀၂၃-၂၀၂၄ ရာသီ အဖွင့်ပွဲစဉ် (၁) တွင် တွေ့ရှိရသည့်အရေ အတွက်ထက် ၁၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ယင်းစစ်တမ်းတွင်ဖော်ပြထားသည်။ ဝက်စ်ဟမ်း-ဗီလာ ပွဲစဉ်တစ်ခုတည်းမှာပင် လောင်းကစားနှင့်သက်ဆိုင် သည့်မက်ဆေ့ချ် အကြိမ် ၆၅၀၀ နီးပါးတွေ့ရှိခဲ့ရပြီး တစ်မိနစ်လျှင် အကြိမ် ၃၀ ဝန်းကျင် တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ၂၀၂၅- ၂၀၂၆ ရာသီမှစ၍ ပွဲကစားသည့် အကျႌရင်ဘတ်တွင် လောင်းကစားစပွန်ဆာကုမ္ပဏီ အမှတ်တံဆိပ်များ ဖော်ပြခြင်းမပြုရန် ပြီးခဲ့သည့်နှစ်တွင် သဘောတူညီမှုရရှိထားသည်။


READ NEXT
Cancel OK